ရာသီတုတ်ကွေးကြောင့် ကချင်အသင်းတော်ကျောင်းများ ခေတ္တ ပိတ်ထားရ

ရာသီတုတ်ကွေးကြောင့် ကချင်အသင်းတော်ကျောင်းများ ခေတ္တ ပိတ်ထားရ

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားတွင် မိုးတွင်းကာလ ရာသီတုတ်ကွေးရောဂါများ ကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အခြေပြု အသင်းတော် အမျိုးသားကျောင်း (Myu Sha Jawng)များကို ခေတ္တပိတ်ထားရကြောင်း သိရသည်။

Jan Mai Kawng ရပ်ကွက် Jan Mai Hpaji Shalat အမျိုးသားကျောင်းရှိ ကျောင်းသူ ကျောင်းသားများတွင် ဇူလိုင် လဆန်းပိုင်းကစပြီး ရာသီတုတ်ကွေး ဖြစ်ပွားမှု ပိုမိုများပြားလာ သောကြောင့် သြဂုတ်လ (၇)ရက်နေ့မှ (၁၁)ရက်နေ့ထိ ကျောင်းပိတ်ထားခဲ့ရကြောင်း ကျောင်းတာဝန်ခံ ဦး Lama Naw Tawng ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ကျနော့် ကျောင်းဂေဟာမှာက တော်တော်ဆိုးတယ်လို့ပြောလို့ရတယ်။ အဲ့ကြောင့် ဂေဟာလည်း ၁ပတ် ပိတ်ပေးလိုက်တယ်။ တစ်ခန်းမှာက အနည်းဆုံး ၅ယောက် ၆ယောက်ကျော် ဖြစ်လာတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူးစက်ကြတာပေါ့။ မပိတ်လို့က မရတော့ဘူး” ဟု ဆိုသည်။

အဆိုပါ Jan Mai Hpaji Shalat ဂေဟာကျောင်းမှာ ကျောင်းသူကျောင်းသား စုစုပေါင်း (၁၈၀)ကျော် ရှိပြီး အများစုသည် မြစ်ကြီးနားမြို့အနီးတဝိုက်ရှိ ကလေးများနှင့် စစ်ရှောင်စခန်းများမှ ကလေးများဖြစ်ကြသည်။

ထိုနည်းသူ N’Jang Dung နှစ်ခြင်းအသင်းတော်တွင် ဖွင့်လှစ်ထားသည့် အမျိုးသားကျောင်းကိုလည်း ရာသီတုတ်ကွေးကြောင့် ပိတ်ထားရကြောင်းသိရသည်။

KBC အသင်းတော် အခြေပြုဖြင့် ဖွင့်လှစ်ထားသော ကချင်အမျိုးသားကျောင်းများတွင် အဓိက Jinghpaw စာနှင့်စကား၊ ကချင်ရိုးရာယဉ်ကျေးမှုှ နှင့် အင်္ဂလိပ်စာနှင့်စကား များကို သင်ကြားပေးသည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...