စောဘဦးကြီးဇာတိရွာ၌ အာဇာနည်နေ့ အထိမ်းအမှတ် ဆုတောင်းကာ သစ်အပင် ၅၀၀ စိုက်ပျိုးမည်

စောဘဦးကြီးဇာတိရွာ၌ အာဇာနည်နေ့ အထိမ်းအမှတ် ဆုတောင်းကာ သစ်အပင် ၅၀၀ စိုက်ပျိုးမည်

ကရင့်အာဇာနည်ပုဂ္ဂိုလ် စောဘဦးကြီး၏ဇာတိဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂယက်ကြီးရွာ၌ သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် ဝတ်ပြုဆုတောင်းကာ သစ်အ ပင်ပေါင်း ၅၀၀ စိုက်ပျိုးသွားမည်ဟု စီစဉ်နေသူများက ကေအိုင်စီသို့ ပြောသည်။

“သြဂုတ် ၁၂ရက် ကရင့်အာဇာနည်နေ့အတွက် အကြမ်းဖျင်း စီစဉ်ထားတာကတော့ ခရစ်ယာန်တွေဆိုတော့ မနက် ၈နာရီမှာ အောက်မေ့ဖွယ်ရာ ဝတ်ပြုဆုတောင်းမယ်။ ၉နာရီခွဲမှာ လွမ်းသူပန်းခွေချပြီး အာဇာနည်ပုဂ္ဂိုလ်တွေ အားလုံးကို အလေးပြုမယ်။ ၁၀နာရီကျရင် သစ်ပင်စိုက်မယ်။”ဟု ကန်ကြီးထောင့်ဒေသခံ စောကွာလာက သြဂုတ် ၂ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် သစ်ပင် ၅၀၀ စိုက်ပျိုးခြင်း အစီအစဉ်ကို မြောင်းမြရှိ ကရင်လူငယ်များက ဦးဆောင်ပြီး ပျိုးပင်ရောင်းသည့် ဆိုင်များမှ ဝယ်ယူကာ စီစဉ်စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းသစ်ပင်များကို စောဘဦးကြီး အထိမ်းအမှတ် ကျောက်တိုင်အနီးတစ်ဝိုက်မှ စတင်ကာ ရထားလမ်းအထိ စိုက်ပျိုးသွားရန် ရည်ရွယ်ထားသည်ဟု ဒေသခံများက ပြောသည်။

ကရင့်အာဇာနည်နေ့ အခမ်းအနားများကို ယခင်က လွတ်မြောက်နယ်မြေများ၌သာ ပြုလုပ်ကျင်းပနိုင်ခဲ့သည်။ သို့သော် ၂၀၁၂ခု နှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် ကေအဲန်ယူနှင့် အစိုးရတို့ ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်ကာ ၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို လက်မှတ်ရေးထိုးပြီးနောက် တွင်မှု ပြည်တွင်းနေရာ အနှံ့အပြား၌ ကျင်းပပြုလုပ်လာခဲ့ကြသည်။

အလားတူ ၂၀၁၆ခုနှစ်တွင် ဘဲဂယက်ရွာရှိ စောဘဦးကြီး၏ နေအိမ်အနီး၌ အထိမ်းအမှတ် ကျောက်တိုင်ပြုလုပ်ကာ ဒေသခံများ က ဂုဏ်ပြုခဲ့ကြသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...