ကျည်စထိမှန်မှုကြောင့် ကျောက်တော်မြို့နယ်က အမျိုးသမီးတစ်ဦးဒဏ်ရာရ

ကျည်စထိမှန်မှုကြောင့် ကျောက်တော်မြို့နယ်က အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာက အမျိုးသမီးတစ်ဦးမှာ ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ကျည်စထိမှန်သွားသောကြောင့် ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များက ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ မမြတ်မြတ်သွယ် ဆိုသူဖြစ်ပြီး မိမိနေအိမ်၌ ထမင်းချက်နေစဉ် ညာဘက်ပေါင်တွင် ကျည်စ ထိမှန်သွားခြင်းဖြစ်သည်။

“သမီးက ထမင်းချက်နေတာပါ။ နောက်ကနေပြီး ကျည်စက သမီးပေါင်ရင်းမှာ လာထိတာပါ။ အခုတော့ ကျောက်တော်ဆေးရုံကို ကားနဲ့သွားနေပါတယ်။ နည်းနည်းတော့စိုးရိမ်ရပါတယ်” ဟု မမြတ်မြတ်သွယ်၏ဖခင် ဦးအောင်လှစိုးက ညနေ (၄) နာရီအချိန်က ပြောသည်။

တပ်မတော်စစ်ကြောင်းတစ်ခုသည် ယင်းရွာအနီးတွင် သေနတ်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကျေးရွာဘက်သို့ ပစ်ခတ်မှုများပြုလုပ်စဉ် မမြတ်မြတ်သွယ်ကို ကျည်စထိမှန်သွားခြင်းဟု ၎င်းက ဆက်လက်ဆိုသည်။

ထိုသို့ ပစ်ခတ်မှုပြုလုပ်သောကြောင့် ရွာသားအချို့မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးမှုရှိခဲ့ပြီး ညနေပိုင်းတွင်သာ ပြန်လည်ရောက်ရှိလာကြသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး တပ်မတော်၏ တုန့်ပြန်မှုများကို ရရှိရန်အတွက် တပ်မတော် ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဗိုလ်ချုပ် ထွန်းထွန်းညီ၊ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...