တောင်သူများအတွက် စုငွေ၊ ချေးငွေ အခက်အခဲဖြေရှင်းနိုင်မည့် ဥပဒေမူကြမ်းရေးဆွဲနေ

တောင်သူများအတွက် စုငွေ၊ ချေးငွေ အခက်အခဲဖြေရှင်းနိုင်မည့် ဥပဒေမူကြမ်းရေးဆွဲနေ

ကယားပြည်နယ်လွှတ်တော်အနေဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာ စုငွေ၊ ချေးငွေ အခက်အခဲများ ဖြေရှင်းနိုင်မည့် ဥပဒေပေါ်ထွက်လာနိုင်ရေး ဥပဒေမူကြမ်းကို ရေးဆွဲနေသည်ဟု ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ဒါရိုက်တာ ကိုကျော်ဝဏ္ဏအောင်က ပြောသည်။

“အခက်ခဲတွေ ဖြေရှင်းလို့ရအောင်ဆိုပြီးတော့မှ ဒီ၂၀၁၈ ထဲမှာ နည်းနည်းပြင်ဆင်ကြတာပေါ့။ အစီအစဉ်(plan) တွေဆွဲထားပြီးတော့ ၂၀၁၉ ထဲမှာက ကျတော်တို့ သုသေတန(research) စပြီးလုပ်ကြတယ်ပေါ့နော။” ဟု ကိုကျော်ဝဏ္ဏအောင်က ပြောပါသည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကယားပြည်နယ် လွှတ်တော်နှင့် တောင်သူလယ်သမားများ တွေ့ဆုံပွဲတွင် တောင်သူများက မိမိတို့တောင်ယာမြေများသည် ပုံစံ(၇)များမရှိသည့်အတွက် စိုက်ပျိုးရေး ချေးငွေယူရန် အခက်အခဲရှိသည့်အကြောင်း တင်ပြခဲ့ကြခြင်းဖြစ်သည်။

ထိုမှတဆင့် တောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာ စုငွေ၊ ချေးငွေ အဆင်ပြေလွယ်ကူစေရန် ပြည်နယ်လွှတ်တော်နှင့် ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ပူးပေါင်းပြီး သုတေသနပြုလုပ်ခဲ့ကြကာ ဥပဒေကြမ်းပြင်ဆင်လာခဲ့ကြခြင်းဖြစ်သည်ဟု ကိုကျော်ဝဏ္ဏအောင်က ပြောပါသည်။

ကိုကျော်ဝဏ္ဏအောင်က “အခုကတော့ သုံညအဆင့် ဥပဒေမှုကြမ်းလေး လွှတ်တော်အဖြစ်တော့ ဥပဒေအကြမ်း မတင်ရသေးဘူး။ သုံညအဆင့် ဥပဒေပေါ်ပေါက်လာအောင် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး ဆိုင်ရာ ဥပဒေ စုငွေချေးငွေမှုကြမ်းပေါ့။ ဒါပေမဲ့ သူကတော့ သုံညအဆင့်ဘဲနော။” ဟု ပြောပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်လွှတ်တော် ရေးရာကော်မတီများ၊ NGOများနှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင်ဆွေးနွေးသည့် ” သုညအဆင့် စိုက်ပျိုးရေးဆိုင်ရာ စုငွေ၊ ချေးငွေ ဥပဒေမူကြမ်း ဖြစ်မြောက်ရေးအလုပ်ရုံဆွေးနွေးပွဲ” ကိုလည်း ကျင်းပပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

၎င်းဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး တောင်သူများအတွက် တဖက်တလမ်းအကျိုးရှိစေနိုင်သော်လည်း တစ်ဖက်တွင် သီးနှံထွက်ကုန်များကိုလည်း ဈေးကွက်ဖော်ဆောင်ပေးသည့်အပိုင်း လိုအပ်နေသေးသည့်အတွက် ပြည်နယ်လွှတ်တော်အဆင့်တွင် ဥပဒေထည့်သွင်းရန် အခက်အခဲများရှိနေသေးသည်ဟု ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ယခုလိုအကြံပြုသုံးသပ်သွားပါသည်။

“ကျနော်ထင်တာကတော့ ဒီတောင်သူတွေအတွက်တော့ ပုံစံတွေမရှိပေမယ့်လည်း ချေးငွေချေးခွင့် ရှိလာလိမ့်မယ်လို့ ထင်တယ်။ တဖက်မှာတော့ ချေးငွေတွေချေးနေပေမယ့်လည်း ဈေးကွက်မရှိရင် ချေးလိုက်ပြန်ဆပ်လိုက်ဖြစ်နေမှာပါပဲ။ ဈေးကွက်လည်းဖန်တီးပေးဖို့လိုအပ်လာမယ်။” ဟု ဦးသဲရယ်က ပြောပါသည်။

ယခုလအတွင်း တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာ စုငွေ၊ ချေးငွေ၊ ဥပဒေမူကြမ်းဖြစ်မြောက်ရန် မြို့နယ်အဆင့် ပြည်သူလူထု တွေ့ဆုံရှင်းလင်းသည့်အဆင့်ကို ပြုလုပ်ခဲ့ပြီး လာမည့် ၂၆ ရက်နေ့ တွင် ပြည်နယ်ခန်းမ၌ ပြည်နယ်အဆင့် ရှင်းလင်းချပြသွားမည်ဟုသိရသည်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...