ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်စရာမလိုဘဲ ဗီဇာနှင့် ဝပ်ပါမစ် သက်တမ်းတိုးခွင့်ရရှိ၊ ကုန်ကျ စရိတ်များအပေါ် ပြန်လည်ညှိနှိုင်းရန် တိုက်တွန်း

ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်စရာမလိုဘဲ ဗီဇာနှင့် ဝပ်ပါမစ် သက်တမ်းတိုးခွင့်ရရှိ၊ ကုန်ကျ စရိတ်များအပေါ် ပြန်လည်ညှိနှိုင်းရန် တိုက်တွန်း

ထိုင်း-မြန်မာ နှစ်နိုင်ငံညှိနှိုင်းမှုများအရ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများအနေဖြင့် နေရပ်ပြန်စရာ မ လိုဘဲ ဗီဇာနှင့် ဝပ်ပါမစ် (Visa and Work Permit) ကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခွင့် ရရှိမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခုလ ဇူလိုင်လ ၈ ရက်နေ့တွင် ကြေ ညာပြောဆိုခဲ့သည်ဟု သိရသည်။

နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ကုန်ဆုံးကြတော့မည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်(CI)၊ ခရမ်းရောင်၊ အနီရောင် ယာယီပတ်စ်ပို့ ကိုင်ဆောင်အလုပ်လုပ်ကြသူများအနေဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ၊ နိုဝင်ဘာ နှင့် ၂၀၂၀ခုနှစ် မတ်လ အတွင်း သုံးဖွဲ့ခွဲ၍ လုပ်ဆောင်ပေးသွားမည်ဟု မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

၎င်းက “ပြောရမယ်ဆိုရင် ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လိုအပ်ချက်တွေနဲ့အညီ ပြောင်းလွဲ ပြင်လွဲစွမ်းရှိကြောင်းကို ပြလိုက်တာပေ့ါ။ မူလတုန်းက မြန်မာနိုင်ငံမှာပြန်ပြီးတော့ MoU စနစ်နဲ့ ထိုင်းထဲကို ပြန်ဝင်ရမယ်ဆို တော့ အချိန်လည်းကုန်တယ်။ ငွေလည်းကုန်တယ်။ လူပန်းစိတ်ပန်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိမယ်။ အလုပ်ရှင်တွေဘက်ကကြည့်ရင်လည်း လုပ်အားလျော့ပါးမှုတွေရှိမယ်။ အခုလိုလေး အပြောင်းအလဲလေး လုပ်ပေး လိုက်တဲ့အခါကျတော့ ပိုကောင်းတဲ့အနေအထားလေး ရသွားတာပေါ့ ” ဟု ပြောသည်။

မြန်မာအလုပ်သမားများအနေဖြင့် ဗီဇာ နှင့် ဝပ်ပါမစ်များအတွက် ၂၀၁၉ခုနှစ် စက်တင်ဘာ ၃၀ရက်၊ နိုဝင်ဘာ ၁ရက်နေ့နှင့် ၂၀၂၀ခုနှစ် မတ်လ ၃၁ ရက်နေ့စသည်ဖြင့် အချိန်ကာလ သုံးဖွဲ့ခွဲ၍ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ အလားတူ ထိုင်းနိုင်ငံအတွင်း၌ MoU စနစ်ပြောင်းနိုင်မည်ဖြစ်ကာ CI အပါအဝင် ခရမ်းရောင်၊ အနီရောင်စာအုပ် ကိုင်ဆောင်ထားသူများအနေဖြင့် အနည်းဆုံးသက်တမ်း ၆ လရှိရမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင် ရွက်သူများက ပြောသည်။

ထိုသို့ နေထိုင်ခွင့် ဗီဇာသက်တမ်းတိုးရာတွင် နယ်မြေအလိုက် အလုပ်သမားရှာဖွေနေရာချထားရေးရုံး (ကျဟာ ငန်)တွင် သွားရောက်လုပ်ဆောင်၍ သက်တမ်း (၂)နှစ် ရရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း MoU ပြောင်းမည့် သူများအနေဖြင့်လည်း အလုပ်ရှင်(သို့မဟုတ်) လုပ်ငန်းရှင်မှ အလုပ်သမားရှာဖွေ နေရာချထားရေးရုံးတွင် ဒမန်း ခေါ် အလုပ်သမားခေါ်စာကို တင်ပေးရမည်ဖြစ်ကာ ၎င်းမှတစ်ဆင့် စာရွက်ပြန်လည်ရရှိလာပါက ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူပြီးနောက် ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးတွင် ဗီဇာသက်တမ်းတိုးရန် လုပ်ဆောင် ရမည်ဖြစ်သည်။

ထို့အပြင် ဗီဇာသက်တမ်းတိုးလုပ်ဆောင်ရာ၌ (၂)နှစ်ရရှိမည်ဖြစ်သော်လည်း တစ်နှစ်တစ်ကြိမ်သာတိုးရန် ထိုင်းအစိုးရမှ သတ်မှတ်ထားပြီး ထိုသို့ သက်တမ်းတိုးရာတွင် ယခင်နှုန်းထား ၅၀၀ ဘတ်မဟုတ်တော့ဘဲ သတ်မှတ်ကြေး ၁,၉၀၀ ဘတ်ပေးဆောင်ရမည်ဖြစ်သလို အလုပ်လုပ်ကိုင်ခွင့် (ဝပ်ပါမစ်) ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။ (၂)နှစ်စာအတွက် သတ်မှတ်ငွေ ၁,၉၀၀ ပေးဆောင်ပြီးတဆက်တည်းတွင် ပန်းရောင်ဘတ် (ကတ်) ရိုက်ယူရမည်ဖြစ်ကာ ၎င်းအတွက်ကို ၈၀ ဘတ်ကုန်ကျခံရမည်ဖြစ်သည်။

၎င်း ဗီဇာ သက်တမ်းကြေးအတွက် ယခင်သတ်မှတ်နှုန်းထားထက် ပိုမိုတိုးကောက်သည့်အပေါ် အလုပ်သမား အရေး ဆောင်ရွက်သည့်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအစိုးရ အလုပ်သမားဝန်ကြီးဌာထံသို့ ပြန်လည် ညှိနှိုင်းမှုများပြုလုပ်ပေးရန်လည်း အသိပေး တိုက်တွန်းတောင်ဆိုထားသည်ဟု သိရသည်။

“ဗီဇာကြေးကို အရင် ၂ နှစ်ကို ပုံမှန် ၅၀၀ ဘတ်ပဲယူတယ်။ အခုက တစ်နှစ်ကို ၁,၉၀၀ ဘတ်ဆိုတာတော့ များ လွန်းအားကြီးတယ်။ အဲ့ဒီ ဗီဇာကြေးကို လျှော့ချဖို့ မြန်မာဘက်က တာဝန်ရှိတဲ့ လူကြီးတွေကို ကျနော်တို့က ပန်ကြားထားတယ်။ ထိုင်းဘက်ကို ဒီကိစ္စနဲ့ပတ်သက်ပြီးလို့ ပြန်လည် ညှိနှိုင်းပေးဖို့ မြန်မာဘက်က တာဝန်ရှိတဲ့ အလုပ်သမားဘက်က ဝန်ကြီး ဦးသိန်းဆွေ အပါအဝင် တာဝန်ရှိတဲ့သူတွေအားလုံးက ပြန်လည်ဆွေးနွေး ညှိနှိုင်း ဖို့တော့ လိုအပ်တာပေါ့” ဟု JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ပြီးခဲ့သည့် လများက ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၂၀၂၀ ခုနှစ် မတိုင်ခင် နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့်ပြုတော့မည်ဖြစ် သည့်အတွက် အလုပ်သမားများကို MOU- U turn စနစ်ဖြင့် နေရပ်ပြန်၍ လုပ်ဆောင်ရန် ထိုင်းအစိုးရမှ ဥပဒေ ထုတ်ခဲ့သည်။

သို့သော် ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းသဘောတူညီမှုအရ ထိုင်းနိုင်ငံအတွင်း လာမည့်၂၀၂၀ခုနှစ် နှင့် ယခုနှစ် ၂၀၁၉ခုနှစ် နိုဝင်ဘာလအတွင်း သက်တမ်းကုန်ဆုံးတော့မည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ သက်သေခံ အထောက်အထား စာရွက်စာတမ်းများကို (၉)လ သက်တမ်း တိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြီးခဲ့ သည့် မေလ ၁၃ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရှံးမှ သတင်းထုတ်ပြန်ထားသည်။

ယခု ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်းတိုးခွင့်ရရှိမည့် ကိစ္စနှင့်ပတ်သက်ပြီး ယခုလ ဇူလိုင်လ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်ကျင်းပခဲ့သည့် ရွှေ့ပြောင်းလုပ်သားရေးရာ စီမံခန့်ခွဲမှုကော်မတီအစည်း အဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...