မွန်ညီညွတ်ရေးပါတီမှတ်ပုံတင် အမြန်ဆောင်ရွက်ပေးရန် ရွေးကောက်ပွဲကော်မရှင်ထံတင်ပြ

မွန်ညီညွတ်ရေးပါတီမှတ်ပုံတင် အမြန်ဆောင်ရွက်ပေးရန် ရွေးကောက်ပွဲကော်မရှင်ထံတင်ပြ

၂၀၂၀ ရွေးကောက်ပွဲကြိုတင်ပြင်ဆင်နိုင်ရေး မွန်ညီညွတ်ရေးပါတီ MUP ကို မှတ်ပုံတင်အမြန်ဆောင်ရွက်ပေးရန် ဇူလိုင်လ ၈ ရက်က ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်သူများနှင့် တွေ့ဆုံပွဲတွင် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်စံလှိုင်က တင်ပြခဲ့သည်။

“အခုချိန်ထိ ကျွန်တော်တို့ ပါတီမှတ်ပုံတင်ရရှိခြင်း မရှိသေးတဲ့အတွက် ကျွန်တော်တို့ ပါတီလုပ်ငန်း လှုပ်ရှားလုပ်ကိုင်ဆောင်ရွက်မှုတွေ လုပ်ဖို့က အများကြီးအခက်အခဲဖြစ်နေပါတယ်။ အဲဒါကြောင့် ပါတီမှတ်ပုံတင် မြန်မြန်ကျဖို့ လိုပါတယ်။ အဲကြောင့် ကျွန်တော်တင်ပြတာပါ”ဟု နိုင်စံလှိုင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီ Logo အမှတ်အသားများကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် သက်ဆိုင်ရာဋ္ဌာနများကို တင်ပြစိစစ်ခံပြီးဖြစ်သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယခုအခါ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစောဒယ်နီရယ်ကြည်က ပြောသည်။

ဦးစောဒယ်နီရယ်ကြည်က “ကျွန်တော်အပါအဝင်ပေါ့ အားလုံးက ပြည်နယ်နဲ့တိုင်းတွေမှာ ဖြန့်ကြက်ပြီးသွားနေကြတယ်။ အဲဒီတော့ ပြည်နယ်နဲ့တိုင်းကနေ ပြန်လာတဲ့အခါကျရင် စုံညီထိုင်ရပါတယ်။ အဲဒီစုံညီမှာ တစ်ခါတည်းပြီးပြတ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

မွန်ညီညွတ်ရေးပါတီ MUP သည် မေလ ၂၃ ရက်နေ့က  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မကျသေးသဖြင့် လုပ်ငန်းများဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာလျှက်ရှိကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

၂၀၁၀ ပြည့်ခုနှစ်မှစ၍ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီပေါင်း ၁၁၅ ရှိသည့်အနက် ပါတီ ၂၀ အား ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...