စစ်ကြောရေးကြောင့်သေဆုံးသွားရသူများအတွက် တရားမျှတမှုကို ရခိုင်လူငယ်အချို့ တောင်းဆို

စစ်ကြောရေးကြောင့်သေဆုံးသွားရသူများအတွက် တရားမျှတမှုကို ရခိုင်လူငယ်အချို့ တောင်းဆို

ရခိုင်ပြည်နယ်အတွင်း စစ်ကြောရေးကြောင့်သေဆုံးသွားရသူများအတွက် တရားမျှတမှုအလိုရှိသည်ဟုဆိုကာ ရခိုင်လူငယ်အချို့က တောင်းဆိုလိုက်ကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် ပါဖော့မန့်ပြုလုပ်ကာ ယခုကဲ့သို့တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

"အဓိက ရည်ရွယ်ချက်က လက်ရှိ ကျနော်တို့ ရခိုင်ပြည်နယ်မှာဖြစ်နေကြတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို သက်ဆိုင်ရာလူတွေ သေသေချာချာမြင်အောင် ကျနော်ရခိုင်လူငယ်တွေက ပေါင်းစပ်ပြီးတော့ အခုလို ပါဖော့မန့်လုပ်ရတာပါ။"ဟု ဦးဆောင်ပါဝင်သူ ကိုသန်းလှက နိရဉ္စရာကိုပြောသည်။

ယင်းသို့တောင်းဆိုရာတွင် "စစ်ကြော စစ်ဆေးရေးကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများအတွက် တရားမျှတမှုကို အလိုရှိသည်"၊ "အရပ်သားပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများ ရပ်"၊ "မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းများ ချက်ချင်းရပ်"၊ "ရခိုင်တွေမှာလည်း အသက်နှင့်ပါ" "စစ်ပွဲများ ချက်ချင်းရပ်တန့်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြပါ"စသည့် စာသားများပါသည့် ဆိုင်းဘိုးများကို ကိုင်ဆောင်တောင်းဆိုခဲ့ကြသည်။

"ရခိုင်မှာဖြစ်နေတဲ့ စစ်ပွဲတွေကြားထဲမှာ လူငယ်တွေ၊ ပြည်သူလူထုတွေကို အသုံးမချဖို့၊ ပြီးတော့ လူသားတစ်ယောက်ကို လူသားတစ်ယောက်လို ကိုယ်ချင်းစာပြီးတော့ သွားလာခွင့်တွေ၊ လူသားတစ်ယောက်အတွက် အခြေခံရပိုင်ခွင့်တွေကို အပြည့်အဝပေးဖို့ကို ကျမတို့အနေနဲ့ပြောချင်ပါတယ်။"ဟု တောင်းဆိုရာတွင် ပါဝင်သူ မဦးခင်သိန်းက ပြောသည်။

အဆိုပါတောင်းဆိုမှုကို ခွင့်ပြုချက်မဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်းဆိုမှုသည် နာရီပိုင်းခန့်ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်ဆက်နွယ်သည်ဟု သံသယနှင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် အရပ်သားပြည်သူအချို့သည် စစ်ဆေးခံနေရစဉ် သေဆုံးသွားမှုများပေါ်ပေါက်လျက်ရှိကြောင်းလည်း သိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...