တပ်မတော်အနေဖြင့် တစ်နိုင်ငံအပစ်ရပ်ရန် လိုအပ်ကြောင်း KIO ဆို

တပ်မတော်အနေဖြင့် တစ်နိုင်ငံအပစ်ရပ်ရန် လိုအပ်ကြောင်း KIO ဆို

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေ ၅ ခုတည်းတွင် အပစ်အခတ်ရပ်စဲခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်စဲသင့်ကြောင်း KIO တာဝန်ရှိသူ နှင့် ကချင်နိုင်ငံရေးပါတီမှ သုံးသပ်ပြောဆိုခဲ့ပါသည်။

ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ်မျှော်လင့်ချက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်မှုအပြည့်ဖြင့် ပိုမိုဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် အပစ်ရပ်ကာလ ၂ လထပ်မံတိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန်လ ၃၀ ရက်နေ့ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

“အပစ်အခတ်ရပ်ဆိုင်းပေးတာကအရမ်းကောင်းပါတယ်။ ဒါပေမယ့်ရခိုင်ပြည်နယ် အပါအဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပေးရင် ပိုကောင်းတာပေါ့။ အခုဟာကသူတို့ရဲ့နယ်မြေ ၅ ခုမှာပဲ စစ်ဆင်ရေးလှုပ်ရှားမှုတွေမလုပ်ဘူးလို့ ပြောတဲ့သဘောသက်ရောက်နေတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ မှ ကချင်သတင်းဌာန KNG သို့ပြောပါသည်။

တပ်မတော် အပစ်အခတ်ရပ်ဆိုင်းရေး ကြေငြာထားသော နယ်မြေ ၅ ခုမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတို့ဖြစ်ပြီး အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ ပါဝင်ခြင်း မရှိသည်ကို တွေ့ရပါသည်။

လွန်ခဲ့သည့် အပစ်ရပ်ကာလ ၆ လအတွင်း မြန်မာပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှု၂ ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း တိကျခိုင်မာသော အဖြေမရှိခဲ့ခြင်းကြောင့် ယခုနောက်ထပ် ၂ လ ထပ်မံတိုးမြင့်ပေးသည့်ကာလအတွင်း ပိုမိုကောင်းမွန်သော ရလဒ်ကောင်များရရှိရန် ပြည်သူအားလုံးမှမျှော်လင့်နေကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဒေါက်တာတူးဂျာ ပြောဆိုပါသည်။

“တိုးတက်မှုကိုတော့ တွေ့ရတယ်။ ဒါပေမယ့် တိုက်ပွဲတွေဆက်မဖြစ်ဖို့တော့ အရေးကြီးတယ်။ တိုက်ပွဲဖြစ်ရင် ကြားက ပြည်သူတွေ အရမ်းဒုက္ခရောက်တယ်” ဟု အမြင်သဘောထားကိုပြောပြခဲ့သည်။

လွန်ခဲ့သည့် ဒီဇင်ဘာလမှ ဇွန်လအထိ တပ်မတော်အပစ်ရပ်ကြေငြာထားသည့် ၆ လတာ ကချင်ပြည်နယ်တွင်း အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲ မရှိခဲ့သော်လည်း ကြေငြာချက်ပါ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်စခန်းများဘက်တွင် တိုက်ပွဲ ပုံမှန် ဖြစ်ပွားနေခဲ့ပါသည်။

သို့သော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရက္ခိုင်တပ်မတော် AA တို့သည့် အစိုးရဖြင့် Bilateral အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေသည့်ကာလလည်း ဖြစ်ပါသည်။

ဇွန်လ ၃၀ ရက်နေ့ မိုင်းလားဒေသတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တို့ တွေ့ဆုံခဲ့ပြီး ဇူလိုင်လ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ပြန်လည်တွေ့ဆုံရန် သဘောတူထားကြောင်းသိရပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...