ကချင်ပြည်နယ် မြို့နယ် ၂ ခုတွင် အသေးစား သတ္တုတူးဖော်ခွင့် လက်မှတ်ပေးအပ်

ကချင်ပြည်နယ် မြို့နယ် ၂ ခုတွင် အသေးစား သတ္တုတူးဖော်ခွင့် လက်မှတ်ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ် ၂ခုတွင်း အသေးစား နှင့် လက်လုပ်လက်စား သတ္ထုတူးဖော်ခွင့်ကို လုပ်ငန်းရှင် ၁၇ ဦးအား ထပ်မံ ခွင့်ပြုပေးလိုက်ကြောင်း သိရပါသည်။

မံစီမြို့နယ်နှင့် မိုးကောင်းမြို့နယ်တွင် တရားဝင်သတ္ထုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လုပ်ကွက် စီစစ်ချထားပေးရေးအဖွဲ့ မှ စတုတ္ထအကြိမ်အဖြစ် အဆိုပါ လုပ်ငန်းရှင် ၁၇ဦးကို ယနေ့ ဇွန်လ ၂၈ရက်နေ့ ပြည်နယ်သတ္ထုရုံးတွင် လက်မှတ်ပေးအပ်ခဲ့ခြင်း ဖြစ်ပါသည်။

ရွှေတူးဖော်ရေး လုပ်ငန်းကို အသေးစားနှင့် လက်လုပ်လက်စားလုပ်ကိုင်လိုသူများက ကချင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုလာသောကြောင့် လုပ်ထုံးလုပ်နည်းအရ တရားဥပဒေနှင့် အညီဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ပြည်နယ် သဘာဝသယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောဆိုသည်။

“လုပ်ကွက်တွေပေးတာဖြစ်တယ်။ အားလုံးက ဥပဒေဘောင်အတွင်းမှာ ဆောင်ရွက်ပေးတာပါ။ အဓိကတော့ တရားမဝင်လုပ်ကိုင်နေတဲ့ သူတွေများလာတော့ ဒီလိုနည်းလမ်းမှန်မှန် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတာဖြစ်တယ်” ဟုပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ခရိုင် ၄ ခု ၊ မြို့နယ် ၁၈ခု ရှိနေပြီး ဒေသအလိုက် သယံဇာတ ထွက်ရှိသောကြောင့် နောက်ထပ် တရားဝင် လုပ်စေလိုသော လုပ်ငန်းရှင်များလည်း လုပ်ထုံးလုပ်နည်းအရ ဥပဒေနှင့်အညီ လာရောက်လျှောက်ထားနိုင်ကြောင်း ဆက်လက် ပြောဆိုသည်။

လက်ရှိကချင်ပြည်နယ်တွင် အစိုးရက တရားဝင်ချထားပေးသော အသေးစား လက်လုပ်လက်စား ရွှေသတ္ထုတူးဖော်မှု လုပ်ငန်းရှင် စုစုပေါင်း ၁၀၀ကျော်ခန့် ရှိနေပြီ ဖြစ်ပြီး အများအားဖြင့် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ရွှေဂူ မြို့နယ်နှင့် ဆွမ်ပရာဘွမ် စသော ဒေသများတွင် ခွင့်ပြုထားပေးကြောင်း ကချင်ပြည်နယ် သတ္ထုတွင်းဦးစီးဌာန ပြောဆိုချက်မှ သိရသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...