အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် ပြည်ပရောက် ရခိုင်အလုပ်သမားများ အခက်အခဲကြုံနေရ

အင်တာနက် ဖြတ်တောက်ထားခြင်းကြောင့် ပြည်ပရောက် ရခိုင်အလုပ်သမားများ အခက်အခဲကြုံနေရ

ရခိုင်ပြည်နယ်အတွင်း ဒေတာနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် ရခိုင်အလုပ်သမားများ အခက်ခဲကြုံနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၈ မြို့နယ်တွင် အင်တာနက်လိုင်းများကို ဇွန်လ ၂၁ ရက်နေ့မှ စတင် ဖြတ်တောက်ထားခြင်းကြောင့် ပြည်ပတွင် ရောက်ရှိနေကြသည့် အလုပ်သမားများမှာ မိသားစုများနှင့် အဆက်အသွယ်ပြတ်ကာ အခက်ကြုံနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများမှာ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း စာရွက်စာတမ်းများကို အလုပ်မှတောင်းရာတွင် မိသားစုနှင့် အဆက်သွယ်မရသဖြင့် စာရွက်စာတမ်းအစား ငွေပေးချေနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ထိုင်းနိုင်ငံတောင်ပိုင်း တရန်မြို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် ကိုဇော်ဇော်က “ကျွန်တော်တို့မှာ အခု မှတ်ပုံတင်ပဲ ပါလာတယ်။ ဒီမှာ အထောက်အထား လုပ်ဖို့အတွက် အိမ်ထောင်စုစာရင်း တောင်းနေပါတယ်။ အထောက်အထားလုပ်ဖို့အတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းစာရွက် လိုပါတယ်။ အိမ်ထောင်စုစာရင်း မပါလာသူတွေက ဘတ်ငွေ (၃၀၀၀) စီပေးရပါမယ်။ နှစ်ခုလုံး မပါလာတဲ့သူတွေက ဘတ်ငွေ (၆၀၀၀) ပေးရပါမယ်။ ငွေမကုန်သင့်ဘဲ ကုန်နေရပါတယ် ” ဟု ပြောသည်။

ကိုဇော်ဇော်နည်းတူ ၎င်းတို့အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်တိုင်းရင်းသား ၁၀၀ ကျော်မှာလည်း အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုကဲ့သို့ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းသည် လူ့အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာနေရာများတွင် သတင်းအမှောင်ချခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း ဒေတာနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် ပြည်သူလူထု နစ်နာမှုရှိနေသည့်အတွက် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးဖို့ အရေးကြီးအဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က ဇွန်လ ၂၆ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အက်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို ပြန်လည်စဉ်းစားပေးရန်၊ အမုန်းစကား မဖြစ်ပွားစေရန်နှင့် တည်ငြိမ်အေးချမ်းရန်အတွက် အခြားနည်းလမ်းများဖြင့်သာ လုပ်ဆောင်သင့်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကလည်း ဇွန်လ ၂၆ ရက်နေ့က ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးအပြီးတွင် တိုက်တွန်းထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ဖုန်းဆက်သွယ်ရေးလုပ်ငန်းများ ဖြစ်သည့် MPT၊ Telenor ၊ Mytel ၊ Ooredoo တို့မှ အင်တာနက်လိုင်းများကို ဖြတ်တောက်ထားခြင်းလည်း ဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...