AA ဟု ယူဆရသည့် မသင်္ကာသူ (၈) ဦးကို တပ်မတော်ဖမ်းဆီးထား

AA ဟု ယူဆရသည့် မသင်္ကာသူ (၈) ဦးကို တပ်မတော်ဖမ်းဆီးထား

မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာ အနီးအဝိုက်တွင် ရက္ခိုင့်တပ်တော်(AA)ဟု ယူဆရသည့် မသင်္ကာဖွယ် အမျိုးသား (၈)ဦးကို ဖမ်းဆီးရမိသဖြင့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နိုင်ရေးအတွက် ကျောက်တော်မြို့၊ မြို့မရဲစခန်းသို့ ပို့ဆောင်ထားသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ကို ဇွန်လ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာ အနီးတစ်ဝိုက်တွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး မကျားဆည်ကျေးရွာသား ၁ ဦး၊ ပေါက်တောပြင် ကျေးရွာသား ၄ ဦး၊ ဗူးရွက်မညှိုး ကျေးရွာသား ၁ ဦး၊ အုတ်ဖို ကန်ကျေးရွာသား ၁ ဦးနှင့် ဒုံးသိမ်ကျေးရွာသား ၁ ဦးဖြစ်သည်။

 ထို့အပြင် ဇွန် ၂၁ ရက်တွင် ပေါက်တောပြင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သင်းကျစ်တောင် ဘုရားကုန်းပေါ်ရှိ သင်းကျစ်တောင် ဘုန်းတော်ကြီးကျောင်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ သတင်းအရသွားရောက် ရှာဖွေခဲ့ရာ လုပ်သေနတ်၊ ခဲယမ်း၊ မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ယူနီဖောင်း၊ စစ်အသုံးအဆောင်ပစ္စည်းများ၊WFPတံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာ ပစ္စည်းများ၊ အခြားစား သောက်ကုန်ပစ္စည်းများနှင့် ဆေးပစ္စည်းများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်ဟုလည်း တပ်မတော်က ထုတ်ပြန်ထားသည်။

ယခု ဖမ်းဆီးခံနေရသူများမှာ မိမိတို့တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေသည့် (၅)လတာ အတွင်း မိမိတို့ဘက်က ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်များ မရှိသေးကြောင်း၊ ယခု ဖမ်းဆီးခံနေရသူများမှာ ပြည်သူများသာ ဖြစ်သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။  

“မနေ့က သတင်းစာရှင်းလင်းပွဲမှာ သူတို့ဘက်က ပြောသွားတာတွေရှိတယ်။ ဘုန်းကြီးကျောင်းထဲက လုပ်သေ နတ်တွေရတယ်ဆိုတာမျိုး။ ဒါက ဟာသတွေပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ရက္ခိုင့်တပ်တော်ဟာ ဗမာ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲဝင်နေတာဟာ သူတို့ပြောသလို လုပ်သေနတ်အဆင့်လောက်နဲ့ ရင်ဆိုင်တိုက်ပွဲ ဝင်နေတာ မဟုတ်။ သူတို့ထက် မညံ့တဲ့ ခေတ်မီပစ္စည်းတွေကို ကိုင်ပြီးတော့ တိုက်ပွဲဝင်နေတာဖြစ်တယ် ” ဟု ခိုင်သုခက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာကာ ပြည်နယ် ၏ မြို့တော် စစ်တွေမြို့အနီးတွင်ပင် တိုက်ခိုက်မှုများပြုလုပ်လာသည်ကိုတွေ့နေရသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...