မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ (MNA)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ (MNA)

အဂတိကော်မရှင်ထံတိုင်ကြားခံရမှု မှတ်ချက်ပေးစရာမရှိကြောင်း ဝန်ကြီးချုပ်ပြော

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရခြင်းံနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာမရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“မှတ်ချက်ပေးစရာမရှိဘူး။ ဘာမှ ပြောစရာမလိုဘူး။ ဘာမှ မပြောဘူး”ဟု ဒေါက်တာအေးဇံက ပြောသည်။

မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည့်လူထုတွေ့ဆုံပွဲအပြီး တိုင်ကြားခံရသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးရဲ့မေးခွန်းကို ဝန်ကြီးနဲ့ ဝန်ကြီးချုပ်ဖြေဆိုခဲ့တာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မကိုက်ဘူး။ လွဲမှားနေတယ်။ နောက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့လည်း ငြိစွမ်းနေတယ်။ အဲဒီလို မြင်တဲ့အတွက် တိုင်ကြားထားတဲ့သဘောပါပဲ” ဟု တိုင်ကြားသူများကိုယ်စား ရေးမြို့နယ် အခြေစိုက် ရေတော်ဝင်းသတင်းလွှာ အယ်ဒီတာချုပ် ဦးအောင်နိုင်ဝင်းက ပြောသည်။

ရေးမြို့နယ် အောင်သပြေ(နှစ်ကရင်လမ်းဝ)-နှစ်ကရင်ကျေးရွာချင်းဆက်လမ်း ကျပ်သန်း (၁၀၀၀) စီမံကိန်း တင်ဒါမခေါ်သည့်ကိစ္စအပြင် ကျိုက်ထီးရိုးဘုရားပေါ်ရှိ အမှိုက်ဖျက်ဆီးစက်ကို တင်ဒါလုပ်ထုံးလုပ်နည်း လွဲမှားစွာ ဆောင်ရွက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းအချို့က ဇွန်လ ၁၈ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားခြင်း ဖြစ်သည်။

 

 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...