မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခု ရေနစ်မြုပ်မည့် အနေအထားသို့ ရောက်နေ

မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခု ရေနစ်မြုပ်မည့် အနေအထားသို့ ရောက်နေ

မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ကမ်းစပ်တွင် တည်ရှိသော စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းသည် မိုးဆက်လက်ရွာသွန်းပါက ရေနစ်မြုပ်မည့် အခြေအနေသို့ ရောက်ရှိမည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

လေးမြို့မြစ်ရေသည် နှစ်စဉ်  မြစ်ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိပြီး  လက်ရှိတွင် မြစ်ရေမှာ စစ်ဘေးရှောင်နေအိမ် အောက်ခြေထိ ရောက်ရှိနေသည့်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရက DMG ကို မိန့်ကြားသည်။

“မိုးရွာတော့ ဒီရေတွေတက်လာတယ်။ ဒီရေပြည့်လာနဲ့ လူနေအိမ် အောက်ခြေသို့ ရောက်နေပြီ။ လေးမြို့မြစ်အထက်ပိုင်းက မိုးကြီးရွာလာတာနဲ့ အောက်ဒီရေတက်တဲ့အခါ သဲသောင်ပြင်ကို ဖုံးသွားနိုင်တဲ့အတွက် စစ်ဘေးရှောင်တွေအတွက် စိုးရိမ်ရပါတယ်” ဦးနန္ဒသာရက မိန့်သည်။

ထို့ကြောင့် သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များအတွက် စိုးရိမ်ရသဖြင့် အဆိုပါစခန်းအား တခြားနေရာတစ်ခုသို့ ပြောင်းရွှေ့လိုအပ်နေသည်ဟု ၎င်းက ဆက်လက်မိန့်သည်။

အဆိုပါ ဒီစခန်းမှာ တာပေါ်လီမိုး၊ ဝါးအိမ် ၄၅၁ ဆောင်ရှိပြီး လူဦးရေ  ၃၄၀၀ ကျော် နေထိုင်လျက်ရှိသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင်  လေးမြို့မြစ်အထက်ပိုင်း ကျေးရွာများဖြစ်သော ခြိပ်ချောင်း၊ စာပေါင်၊ အလယ်ရွာ၊ မော်ရွာသစ်၊ ကုန်းရွာ၊ မော်ရွာဟောင်း၊ ဘုရားကြီး စသည့်ကျေးရွာပေါင်း (၉) ရွာမှ ကျေးရွာသားတို့ ခိုလှုံနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် လက်ရှိမှာ စစ်ဘေးဒုက္ခသည် (၄၆၀၀၀) ကျော်အထိရှိလာကာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...