ဘူးသီးတောင် ဂူတာပြင်ကျေးရွာက မွတ်ဆလင်များ အခက်အခဲဖြစ်နေ

ဘူးသီးတောင် ဂူတာပြင်ကျေးရွာက မွတ်ဆလင်များ အခက်အခဲဖြစ်နေ

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် အစိုးရက အိမ်ထောင်စု ၁၀၀ ကျော်အတွက် နေအိမ်များ ဆောက်လုပ်ပေးပြီးပြီဖြစ်သော်လည်း အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု  ကျေးရွာတာဝန်ခံ မာမောက်တော်ယုတ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ဂူတာပြင်ကျေးရွာမှ နေအိမ်တစ်ချို့ မီးလောင်သွားခဲ့သော်လည်း ရွာသားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် နေထိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့အတွက် နေအိမ် ၁၀၀ ကျော် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ၎င်းတို့၏ ကျွဲ၊နွားများ ထွက်ပြေးသွားသဖြင့် လယ်ထွန်ရန်အတွက် ကျွဲ၊နွားလိုအပ်ချက်များရှိနေခြင်း၊ တိုင်းရင်းသား မဟုတ်သဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူရန် အခက်အခဲများဖြစ်ပေါ်နေသည်။

ထို့အပြင် ကျေးရွာတွင် ကျန်းမာရေးဆေးပေးခန်းရှိသော်လည်း ဝန်ထမ်းများမရှိသဖြင့် ကျန်းမာရေးအခက်အခဲများ ရှိနေပြီး ကျောင်းဆရာ/မ များမရှိသဖြင့် ပညာရေး အခက်အခဲများလည်း ရှိနေသည်။

အကြမ်းဖက်မှုကြောင့် ဂူတာပြင်တောင်ရွာ၊ ဂူတာပြင်ကျေးရွာနှင့် သရက်တောင်ကျေးရွာတွင် မီးလောင်သွားသည့် နေအိမ်များအတွက် အစိုးရက ဂူတာပြင်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစပြီး လူနေအိမ်များကို စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ် မေလတွင် ပြီးစီးခဲ့သဖြင့် ယခုအခါ လူများနေထိုင်နေကြပြီဖြစ်သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...