ကျောက်ဖြူတွင် ယခုနှစ်အတွင်း မူးယစ်ဖမ်းဆီးရမိမှု (၆) မှုရှိပြီး လူငယ်များထံမှ အများဆုံးဖမ်းမိ

ကျောက်ဖြူတွင် ယခုနှစ်အတွင်း မူးယစ်ဖမ်းဆီးရမိမှု (၆) မှုရှိပြီး လူငယ်များထံမှ အများဆုံးဖမ်းမိ

ကျောက်ဖြူမြို့နယ်တွင် ယခုနှစ် ဇွန်လအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု (၆)မှုရှိပြီး ယင်းအထဲတွင် အသက် ၁၅ နှစ်မှ ၂၅ နှစ်အထိ လူငယ်များထံမှ အများဆုံးဖမ်းဆီးရမိသည်ဟု အမှတ် (၄၈) မူးယစ်တပ်ဖွဲ့စု(ကျောက်ဖြူ)မှ သိရသည်။

 မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု (၆) မှုအနက် လူငယ်များထံမှ (၄)မှုဖမ်းဆီးရမိခဲ့သည်။ သူတို့ထံမှ အများဆုံး ဖမ်းဆီး ရမိမှုမှာ အပြားတစ်ဆယ်မှ တစ်ထောင်ခန့်အထိ ရှိသည်။

 “အဓိကတော့ ဖမ်းသာဖမ်းလိုက်ရတယ်။ ကျောင်းကျတော့ ဆယ်တန်းမအောင်ကြဘူး။ လမ်းခုလတ်မှာ ထွက်သွားကြတယ်။ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတဲ့အတွက် ဒီမူးယစ်ဆေးဝါးရဲ့သားကောင် ဖြစ်မှန်းမသိ ဖြစ်သွားကြတယ်" ဟု  အမှတ် (၄၈) မူးယစ်တပ်ဖွဲ့စုမှ ဒုရဲမှူးမျိုးသိန်းက ပြောသည်။

 လူငယ်များ မူးယစ်ဆေးဝါးများကို သုံးစွဲ၊ ရောင်းချလာခြင်းကြောင့် တိုင်းပြည်အတွက် ပျက်စီးဆုံးရှုံးစေပြီး မူးယစ်ဆေးဝါးအန္တရာယ်သည် အလွန်ကြောက်စရာကောင်းသဖြင့် လူတန်းစားအသီးသီး ပူးပေါင်းတားဆီးရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 "မူးယစ်ဆေးဝါးကို လူငယ်၊လူရွယ်၊ လူကြီးပေါ့။ လူတန်းစားအသီးသီး အကုန်လုံးမှာ တာဝန်ရှိတယ်။ ဒီမူးယစ်ဆေးဝါးဟာ အန္တရာယ်လည်း အလွန်တရာကြီးမားတယ်။ တိုင်းပြည်အတွက်လည်း နစ်နာတယ်။ ဒီမူးယစ်ဆေးဝါးကို မကောင်းဘူး၊ လုံးဝဆန့်ကျင်ရမယ်။ လုံးဝလက်မခံဘူးဆိုတဲ့ အသိကို လူတိုင်းရဲ့စိတ်ထဲမှာ ရှိနေဖို့လိုတယ်" ဟု ဒုရဲမှူးမျိုးသိန်းက ဆိုသည်။

 ကျောက်ဖြူခရိုင်တွင် အမှတ်(၄၈) မူးယစ်တပ်ဖွဲ့စုမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုမှာ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် (၃)မှု၊ ၂၀၁၆ခုနှစ်တွင်(၃)မှု၊ ၂၀၁၇ခုနှစ်တွင်(၃)မှု၊ ၂၀၁၈ခုနှစ်တွင် (၁၀)မှု ရှိခဲ့သည်ဟု အမှတ်(၄၈) မူးယစ်တပ်ဖွဲ့စုထံက သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...