မောင်တောမြို့တွင် မွတ်ဆလင်မိန်းကလေးတစ်ဦး အသတ်ခံရ

မောင်တောမြို့တွင် မွတ်ဆလင်မိန်းကလေးတစ်ဦး အသတ်ခံရ

မောင်တောမြို့နယ်၊ငန်းချောင်းကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အသတ်ခံလိုက်ရပြီး လက်ရှိအချိန်ထိ တရားခံအား ဖမ်းဆီးရမိခြင်းမရှိသေးဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက DMG ကိုပြော သည်။

အသတ်ခံရသူ ဆော်မိရာသည် ဇွန်လ ၁၁ ရက်နေ့က ဆိတ်ကျောင်းရန်သွားရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး မိသားစုဝင်များ လိုက်လံရှာဖွေရာ ဇွန်လ ၁၂ ရက်နေ့တွင် သေဆုံးနေသည့်ရုပ်အလောင်းကို ရှာဖွေ တွေ့ ရှိခဲ့ခြင်းဖြစ်သည်။

"ဘယ်လို သေဆုံးတာလဲ။ ဘာဖြစ်တာလဲ။ ကျွန်တာ်လည်း ဘာမှမသိဘူး။ ဆိတ်ကျောင်းနေတဲ့ မိန်းကလေးတစ်ဦးပျောက်နေတယ်လို့ သူ့အမေနဲ့ အဖေ နဲ့ ရွာသူ/သားတွေကလာပြီး အကြောင်းကြားတယ်။ ကျွန်တော်က သက်ဆိုင်ရာကို အကြောင်းကြားပေးတယ်။ ရွာကလူတွေကလည်း ညမိုးချုပ်နေတော့ ဘယ်သူမှအပြင်မသွားရဲကြဘူး။ မနက်ကျမှ လိုက်ရှာကြတော ခြံတစ်ခုထဲမှာ သေဆုံးနေတဲ့ အလောင်းကိုတွေ့ပါတယ်” ဟု ငန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးက ပြောသည်။

ဆော်မိရာအလောင်းကို မောင်တောဆေးရုံတွင် စစ်ဆေးခဲ့ပြီးနောက် ယင်းနေ့တွင် သဂြိုလ်လိုက်သည်ဟု ၎င်းက ဆက်လက်ဆိုသည်။

“သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်။ဆေးစာက မရသေးပါဘူး။ကလေးမလေးရဲ့ ခန္ဓာကိုယ်မှာ ဘာဒဏ်ရာ ဒဏ်ချက်မှမတွေ့ဘူး။ဆေးစာရပြီးမှပဲ ဘယ်လိုသေဆုံးတယ်ဆိုတာ အဖြေပေါ်မှာပါ။အဲဒီအချိန်ခါမှ တရားခံ က ဘယ်သူလဲဆိုတာဖမ်းဆီးရမှာပါ။ အခုက စွပ်စွဲပြီး ဖမ်းဆီးလို့မရပါဘူး ” ဟု ငါးခူရစခန်းမှူး မောင်မောင်ရင်က ပြောသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...