တက္ကသိုလ်ပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲတွင် ဖားအံတက္ကသိုလ်အသင်း ချန်ပီယံဆု ဆွတ်ခူး

တက္ကသိုလ်ပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲတွင် ဖားအံတက္ကသိုလ်အသင်း ချန်ပီယံဆု ဆွတ်ခူး

ရန်ကုန်တက္ကသိုလ်အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပထမဦးဆုံးအကြိမ် တက္ကသိုလ်ပေါင်းစုံဘတ်စ ကတ်ဘောပြိုင်ပွဲတွင် ကရင်ပြည်နယ်ကိုယ်စားပြု ဖားအံတက္ကသိုလ်အမျိုးသားဘတ်စကတ်ဘောအသင်းက ချန်ပီယံဆုဖလားကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

ဖားအံတက္ကသိုလ်အမျိုးသားဘတ်စကတ်ဘောအသင်းသည် ဇွန်လ ၁၀ ရက်(ယမန်နေ့)က ရန်ကုန်တက္ကသိုလ် ဘတ်စကတ်ဘောကွင်း၌ ပြုလုပ်ခဲ့သော ဗိုလ်လုပွဲတွင် သန်လျင်တက္ကသိုလ်အား အနိုင်ရဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။

ဖားအံတက္ကသိုလ်အားကစားဌာနမှူး ဒေါ်ချိုချိုက “(ဖားအံတက္ကသိုလ် ဘတ်စကတ်ဘော)အသင်းအနေနဲ့ ဒါ ပထမ ဦးဆုံးအကြိမ် ဒိုင်းရတာပေါ့နော်။ ကျောင်းသားတွေဟာ အခက်အခဲအမျိုးမျိုးကြားကနေ သွားပြီး ပထမဆုရအောင် ကြိုးစားခဲ့တဲ့အတွက် အကုန်လုံးကို လေးစားချီးကျူးပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့အတွက်လည်း ဒီဆုကို ထိုက်ထိုက်တန်တန် ရသွားတယ်လို့ပဲ ထင်ပါတယ်” ဟုပြောသည်။

ဇွန်လ ၁ ရက်မှ ၁၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့သည့် တက္ကသိုလ်ပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲတွင် မြန်မာ နိုင်ငံတဝှမ်းရှိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး စသည့် တိုင်းဒေသကြီးများမှ တက္ကသိုလ်နှင့် ကောလိပ် အသင်းပေါင်း ၂၀ အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဖားအံတက္ကသိုလ်၏ ဘတ်စကတ်ဘောဆပ်ကော်မတီကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ ဖွဲ့စည်းပြီးနောက် ၅ နှစ်အကြာတွင် ဖားအံတက္ကသိုလ်အမျိုးသားဘတ်စကတ်ဘောအသင်းအနေဖြင့် ယခုကဲ့သို့ ပထမဦးဆုံးအကြိမ် ချန်ပီယံဆုဖလားကို ပြည်နယ်နှင့် တက္ကသိုလ်ဂုဏ်ဆောင်ကာ ဆွတ်ခူးရယူ ပေးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

တက္ကသိုလ်လက်ရွေးစင်ကစားသမားများ ပေါ်ထွက်ရေးအတွက် ဖားအံတက္ကသိုလ်ဘတ်စကတ်ဘော ဆပ် ကော် မတီမှ နှစ်စဉ် မေဂျာပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲများ ပြုလုပ်ပေးနေသလို အဆင့်မြင့်ပညာဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲများတွင်လည်း ဖားအံတက္ကသိုလ် အမျိုးသား၊ အမျိုးသမီး ဘတ်စကတ် ဘောအသင်းများကို စေလွှတ်ကာ ယှဉ်ပြိုင်စေခြင်းများ ပြုလုပ်ပေးသည်ဟု သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...