အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့်ဆူပူများကို ထိရောက်စွာစုံစမ်းစစ်ဆေးသွားမည်ဟု သမ္မတရုံးထုတ်ပြန်

အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့်ဆူပူများကို ထိရောက်စွာစုံစမ်းစစ်ဆေးသွားမည်ဟု သမ္မတရုံးထုတ်ပြန်

အကျဉ်းထောင်များတွင် ဖြစ်ပွားခဲ့သည့်ဆူပူများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ထိရောက်စွာစုံစမ်းဆေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ မေလ ၉ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များကိုအကြောင်းပြု၍ မေလ ၈ ရက်နေ့တွင် ကလေးအကျဉ်းထောင်နှင့် ဘားအံအကျဉ်းထောင်များတွင်လည်းကောင်း၊ မေလ ၉ ရက်နေ့တွင် ရွှေဘိုအကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ထားဝယ်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်များတွင် အကျဉ်းသားများ ဆူပူမှုများဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားသည်။

အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများတောင်းဆိုချက်များမှာ တစ်သဘောထားတည်းဖြစ်နေပြီး ဆူပူမှုများကို အကျဉ်းသားအချို့က လူမှုကွန်ယက်တွင် Live လွှင့်တင်ခဲ့သဖြင့် ယင်းအကျဉ်းထောင်ဆူပူမှုများသည် ချိတ်ဆက်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုများရှိနေသည်ဟု သမ္မတရုံးက သုံးသပ်ထားသည်။

ထိုသို့ အကျဉ်းသားများဆန္ဒပြတောင်းဆိုရာ၌ လွတ်ငြိမ်းချမ်းသာခွင့် တန်းတူရရေး၊ သတင်းမီဒီယာများနှင့် တွေ့ဆုံခွင့်ရရေး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရေး၊ လူ့ အခွင့်အရေးကော်မရှင်နှင့်တွေ့ ဆုံခွင့်ရရေး စသည်ဖြင့် တောင်းဆိုခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ရွှေဘိုအကျဉ်းထောင်အတွင်း မေ ၈ ရက်နေ့ ညနေပိုင်း ဆူပူမှုတွင် အကျဉ်းထောင်လုံခြုံရေးများ ပစ်ခတ်ဟန့်တားသဖြင့် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး ယနေ့နေ့လယ်ပိုင်းအထိ ဆူပူမှု ဖြစ်ပွားခဲ့ရာ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲရသည်ဟု သတင်းရရှိသည်။

မြန်မာနှစ်သစ်ကူးကာလနောက်ပိုင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မေလ ၇ ရက်နေ့တွင် တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးပြီး နောက်တစ်နေ့တွင် အဆိုပါအကျဉ်းသားများက လွတ်ငြိမ်းခွင့်တန်းတူရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း သတင်းဌာနအချို့က ဖော်ပြသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့် ၃ ကြိမ်အတွင်း အကျဉ်းသားပေါင်း ၂၃၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး လက်ရှိမြန်မာနိုင်တဝန်းအကျဉ်းထောင်များအသီးသီးတွင် အကျဉ်းသားပေါင်း ၈၀၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း စောင့်ကြည့်လေ့လာသူများက ခန့်မှန်းကြသည်။

Photo- နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက် (Copy)

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...