လုံခြုံရေးတပ်ဖွဲ့ဝင်ကားကို ARSA အဖွဲ့ တိုက်ခိုက်

လုံခြုံရေးတပ်ဖွဲ့ဝင်ကားကို ARSA အဖွဲ့ တိုက်ခိုက်

မောင်တောမြို့နယ် တောင်ပြို(ယာ)နယ်မြေရုံးမှ ကြိမ်ချောင်းနယ်မြေရုံးသို့ လုံခြုံရေး လိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီး ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ARSA အဖွဲ့က မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် တောင်ပြို၊ ငါးခူရ၊ ကြိမ်ချောင်း နယ်မြေရုံးတို့မှ တပ်ဖွဲ့ဝင် အချို့အား မော်တော်ယာဉ်ဖြင့် တောင်ပြို(ယာ)နယ်မြေရုံးမှ ကြိမ်ချောင်းနယ်မြေရုံးသို့ ပို့ဆောင်စဉ် မောင်တော မြို့နယ် နယ်မြေ(၄) ဇီးပင်ချောင်းလမ်းဆုံနှင့် လိပ်ရလမ်းဆုံအရောက်တွင် ARSA အဖွဲ့နှစ်ဖွဲ့က လမ်း၏ ဝဲ/ယာ တောင်ကုန်းပေါ်မှ ဆွဲမိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဒုတပ်ကြပ် ရှိုင်းထက်အောင်၏ ယာမျက်လုံး ယမ်းငွေ့ရိုက်သည့်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ မော်တော်ယာဉ်မှာ ဦးခေါင်းကြေမွပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါနေရာအား တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းရှင်းလင်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရဲတပ်ဖွဲ့ဝင်ကားများ မကြာခဏမိုင်းခွဲတိုက်ခိုက်ခံရမှုများရှိလာပြီး ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းပိုင်းကလည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များစီးနင်းလိုက်ပါလာသည့်ကားကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့သည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...