မြောက်ဦးမြို့ သန့်ရှင်းသာယာလာစေရန် လူငယ်များလုပ်ဆောင်

မြောက်ဦးမြို့ သန့်ရှင်းသာယာလာစေရန် လူငယ်များလုပ်ဆောင်

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေသည့် မြောက်ဦးမြို့ကို သန့်ရှင်းသာယာ၍ နေထိုင်စရာကောင်းသော မြို့ဖြစ်လာစေရန်အတွက် မြောက်ဦးလူငယ်များအစည်းအရုံး(MUYA)က ဦးဆောင်ပြုလုပ်နေသည်။

မတ်လအစောပိုင်းက စတင်ပြီး မြောက်ဦးမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သော ဆင်ချဆိပ်ရပ်ကွက်ကို သန့်ရှင်းသာယာသော ရပ်ကွက်တစ်ခုဖြစ်လာရန် ကနဦးဆောင်ရွက်လျက်ရှိပြီး အခြားရပ်ကွက်များကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု မြောက်ဦးလူငယ်များအစည်းအရုံးထံက သိရသည်။

“မြောက်ဦးမြို့ သန့်ရှင်းသာယာလှပဖို့အတွက်  စံပြရပ်ကွက်တစ်ခုဖြစ်အောင်၊ ယူနက်စကိုဝင်ဖို့အတွက်လည်း အကျိုးရှိအောင် အရေးပေါ်အစည်းအဝေးမှာ ချမှတ်လိုက်တယ်။ အဲဒါကို အကောင်အထည်ဖော်တာပါ” ဟု မြောက်ဦးလူငယ်များအစည်းအရုံးမှ ဒု-ဥက္ကဋ္ဌ ကိုသန်းစိုးက ပြောသည်။

အဆိုပါ အဖွဲ့သည် အပတ်စဉ် တနင်္ဂနွေနေ့တွင် သန့်ရှင်းရေးပြုလုပ်နေခြင်းဖြစ်ပြီး လမ်းခွဆုံများတွင်လည်း အမှိုက်ပုံးများချပေးကာ စနစ်တကျ အမှိုက်ပစ်ကြရန် စီစဉ်လျက်ရှိသည်။

မြောက်ဦးမြို့တွင် သေနတ်ပစ်ခတ်မှုများ ရှိနေသော်လည်း သန့်ရှင်းရေးပြုလုပ်ရာတွင် အခက်အခဲမရှိကြောင်း ကိုသန်းစိုးက ဆိုသည်။ သို့သော်လည်း သေနတ်ပစ်ခတ်မှုများကြောင့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများ ပျက်စီးမှုများရှိနေသဖြင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် အခက်အခဲများဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...