လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာ ၃ ရွာမှ ရွာသူ၊ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေး

လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျေးရွာ ၃ ရွာမှ ရွာသူ၊ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေး

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် စဂိုးတောင်ကျေးရွာအုပ်စုမှ ကျေးရွာ ၃ ရွာမှာ ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ နံနက်ပိုင်းအထိ လက်နက်ကြီးများ ပစ်ခတ်မှုများ ကြောင့် ကြောက်လန့်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးလာကြသည်။

အဆိုပါ ကျေးရွာမှာ စံဂိုးတောင်၊နွားရုံတောင်၊ ချရှားတောင် ကျေးရွာများဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့က လူဦးရေ ၁၉၂ ဦးခန့် စေတီတောင်ကျေးရွာသို့ ထွက်ပြေးလာကြသည် စေတီတောင် ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

“စံဂိုးတောင်ရယ်၊ နွားရုံတောင်ရယ်၊ ချရှားတောင်ရယ်။ မနေ့ကရောက်တာကတော့ ၁၉၂ ယောက်ရှိတယ်။ အခုလဲ ရောက်လာပြီးတော့ စာရင်းသွင်းနေကြတာတွေရှိတယ်။ သူတို့ကို ကျွန်တော်တို့က သူတို့စားဖို့အတွက် နှစ်ရက်စာ ရိက္ခာထုတ်ပေးနေပါတယ်”ဟု အုပ်ချုပ်ရေး မှူးဦးကျော်သန်းကပြောသည်။

ပစ်ခတ်နေမှုမှာ နွားရုံတောင်ကျေးရွာနှင့် တစ်မိုင်ကျော်ခန့်ဝေး ကွာသော ထိပ်ထူးပေါက်မှ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေသဖြင့် ကြောက်လန့်ကာ ထွက်ပြေးလာခြင်း ဖြစ်သည်ဟု နွားရုံတောင်ကျေးရွာသား ဦးစောထွန်းဝေ ကပြောသည်။

“မနေ့က လေးနာရီလောက်ကလာကြတယ်။ အမြှောက်နဲ့ ပစ်တော့ ကျွန်တော်တို့ ကြောက်တယ်။ ထိပ်ထူးပေါက်ကနေပစ်နေတာပါ။ အခုလဲပြေးလာကြတယ်။ ပြေးကြတာကတော့ ကြုံရာပြေးကြတာပေါ့။ စေတီတောင်ရောက်မှ တွေ့တာ။ အသံကြားရင်ကြောက်တယ်။ ကြောက်ရင်ပြေးကြတယ်”ဟု ဆိုသည်။

ယင်းအပြင် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာတွင်လည်း ဧပြီလ ၁၈ ရက်နေ့က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကျေးရွာများမှာ ကြောက်လန့်ကာ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...