နမ္မတူမှကျေးလက်ရွာသူကြီးအိမ် ဗုံးပစ်ခံရ သံဃာတော်တပါးထိခိုက်ဒဏ်ရာရ

နမ္မတူမှကျေးလက်ရွာသူကြီးအိမ် ဗုံးပစ်ခံရ သံဃာတော်တပါးထိခိုက်ဒဏ်ရာရ
Photo by Mansam Youth-ဗုံးစထိမှန်သည့် သံဃာတော် နားတုံကျောင်းတိုက်ဆရာတော်ဦးမူးလိန္တ
Photo by Mansam Youth-ဗုံးစထိမှန်သည့် သံဃာတော် နားတုံကျောင်းတိုက်ဆရာတော်ဦးမူးလိန္တ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မန်စံရွာတွင် ရွာသူကြီးနေအိမ်ခြံဝင်း အတွင်း လက်ပစ်ဗုံးပေါက်ရာ ဖြတ်သန်းသွားသောသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်နေ့မနက် ဧပြီလ ၈ ရက် ညပိုင်းက မန်စံရွာသူကြီး ဦးဖိုးထောင်နေအိမ်အတွင်း အမည်မသိလူတဦးက လက်ပစ်ဗုံးပစ်ဝင်ရာ အိမ်ရှေ့ဖြတ်သွားသည့် သံဃာတော်တပါး ဗုံးပေါက်ကွဲထိမိသဖြင့် သံဃာတော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“မိုင်းမုကျောင်းတိုက်ဆရာတော်ရဲ့စျာပနသွားဖို့ နားတုံကျောင်းတိုက်ဆရာတော် ဦးမူးလိန္တရယ် ကျောင်းဟောင်ကျောင်းတိုက်က ကိုယ်ရင်တပါးရယ် ဆိုင်ကယ်စီးပြီး သူကြီးအိမ်ရှေ့ဖြတ်သွားတဲ့အချိန်မှာ ဗုံးကကွဲတာ။ ဗုံးကအကြီးစားမဟုတ်လို့တော်သေးတယ်။ ဆရာတော်ကိုဘဲထိတယ်။ ဆိုင်ကယ်တော့ဘာမှမဖြစ်ခဲ့ဘူး။ ဆရာတော်ကိုမနေ့က လားရှိုးစစ်ဆေးရုံကိုပို့ဆောင်ထားတယ်။ ဒီနေ့ဆေးရုံကနေဆင်းတော့မယ်လို့တောင်ကြားပါတယ်။ ကျောမှာထိတယ်ဒဏ်ရာက “– ဟု ရွာသူကြီးနှင့်နီးစပ်သည့် မန်စံဒေသခံ အမျိုးသမီးတဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ထိုမတိုင်ခင်တရက်က ဦးဖိုးထောင်သည် RCSS ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် လိုက်ပါပို့ဆောင်ခဲ့သဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲသူများ၏လက်ချက်သာဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုနေကြသည်။

သို့သော် ယနေ့တိုင် မည်သူ့လက်ချက်ဖြစ်ကြောင်းကိုမူ ဒေသအာဏာပိုင်များက ကြေငြာခြင်းမရှိသေးပေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...