နမ္မတူမှကျေးလက်ရွာသူကြီးအိမ် ဗုံးပစ်ခံရ သံဃာတော်တပါးထိခိုက်ဒဏ်ရာရ

နမ္မတူမှကျေးလက်ရွာသူကြီးအိမ် ဗုံးပစ်ခံရ သံဃာတော်တပါးထိခိုက်ဒဏ်ရာရ
Photo by Mansam Youth-ဗုံးစထိမှန်သည့် သံဃာတော် နားတုံကျောင်းတိုက်ဆရာတော်ဦးမူးလိန္တ
Photo by Mansam Youth-ဗုံးစထိမှန်သည့် သံဃာတော် နားတုံကျောင်းတိုက်ဆရာတော်ဦးမူးလိန္တ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မန်စံရွာတွင် ရွာသူကြီးနေအိမ်ခြံဝင်း အတွင်း လက်ပစ်ဗုံးပေါက်ရာ ဖြတ်သန်းသွားသောသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ယမန်နေ့မနက် ဧပြီလ ၈ ရက် ညပိုင်းက မန်စံရွာသူကြီး ဦးဖိုးထောင်နေအိမ်အတွင်း အမည်မသိလူတဦးက လက်ပစ်ဗုံးပစ်ဝင်ရာ အိမ်ရှေ့ဖြတ်သွားသည့် သံဃာတော်တပါး ဗုံးပေါက်ကွဲထိမိသဖြင့် သံဃာတော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“မိုင်းမုကျောင်းတိုက်ဆရာတော်ရဲ့စျာပနသွားဖို့ နားတုံကျောင်းတိုက်ဆရာတော် ဦးမူးလိန္တရယ် ကျောင်းဟောင်ကျောင်းတိုက်က ကိုယ်ရင်တပါးရယ် ဆိုင်ကယ်စီးပြီး သူကြီးအိမ်ရှေ့ဖြတ်သွားတဲ့အချိန်မှာ ဗုံးကကွဲတာ။ ဗုံးကအကြီးစားမဟုတ်လို့တော်သေးတယ်။ ဆရာတော်ကိုဘဲထိတယ်။ ဆိုင်ကယ်တော့ဘာမှမဖြစ်ခဲ့ဘူး။ ဆရာတော်ကိုမနေ့က လားရှိုးစစ်ဆေးရုံကိုပို့ဆောင်ထားတယ်။ ဒီနေ့ဆေးရုံကနေဆင်းတော့မယ်လို့တောင်ကြားပါတယ်။ ကျောမှာထိတယ်ဒဏ်ရာက “– ဟု ရွာသူကြီးနှင့်နီးစပ်သည့် မန်စံဒေသခံ အမျိုးသမီးတဦးကသျှမ်းသံတော်ဆင့်အားပြောသည်။

ထိုမတိုင်ခင်တရက်က ဦးဖိုးထောင်သည် RCSS ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် လိုက်ပါပို့ဆောင်ခဲ့သဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲသူများ၏လက်ချက်သာဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုနေကြသည်။

သို့သော် ယနေ့တိုင် မည်သူ့လက်ချက်ဖြစ်ကြောင်းကိုမူ ဒေသအာဏာပိုင်များက ကြေငြာခြင်းမရှိသေးပေ။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...