ငြိမ်းချမ်းရေးမဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ငြိမ်းချမ်းရေးမဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ငြိမ်းချမ်းရေးမဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီအနေဖြင့် အခြားသောမွန်အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို မော်လမြိုင်မြို့၌ ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ၂ ရက်တာ ကျင်းပခဲ့သည်။

“ဒီပွဲကနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အထောက်အကူပြုဖို့ပါပဲ။ မွန်အသိုင်းအဝိုင်းက Peace Process နဲ့ပါဝင်ပတ်သက်နေတဲ့ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီတွေ၊ CSO တွေနဲ့ တွေ့ဆုံပြီး Strategy ထွက်လာဖို့ပါ” ဟု မွန်ပြည်သစ်ပါတီမှ ဖွဲ့စည်းထားသော အထောက်အကူပြုအဖွဲ့ Technical Assistance Team မှ မင်းအောင်ထူးက ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်လူမှုအဖွဲ့အစည်းများနှင့် ရာမညမွန်ရှေ့နေများကွန်ရက်မှ ကိုယ်စားလှယ်များ ဖိတ်ကြားသင့်သူများ ၃၅ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍသည် နိုင်ငံရေးနှင့် အဓိကဆက်နွယ်နေသော်လည်း ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ ရာမညမွန်ရှေ့နေများကွန်ရက်မှ မင်းအောင်ဆန်းဦးက ဆိုပါသည်။

မင်းအောင်ဆန်းဦးက “ဥပဒေနှင့်ပတ်သက်ပြီး သိကျွမ်းထားဖို့ လိုတယ်။ ကိုယ့်ရဲ့ဆွေးနွေးမှုတွေက စည်းစနစ်ကျဖို့နဲ့ ဥပဒေအတိုင်း ဖြစ်ဖို့ လုပ်ဆောင်သင့်တယ်။ အဓိပ္ပါယ်ဖွင့်တဲ့နေရာမှာလည်း ဘုံသဘောတူညီချက်ဖြစ်ဖို့လဲ လိုတယ်” ဟု ပြောပါသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) ဆက်လက် ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ အလွတ်သဘောပုံစံများဖြင့်သာ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီသည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရ႘လ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ပြည်နယ်နှင့် တိုင်းအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S များတွင် ပါဝင်ခွင့်မရှိသေးပေ။

ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...