သရက်ပြင်ကျေးရွာမှ အမျိုးသမီးများကို စစ်တပ်ကခေါ်ဆောင်

သရက်ပြင်ကျေးရွာမှ အမျိုးသမီးများကို စစ်တပ်ကခေါ်ဆောင်

ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာတွင် ယနေ့(မတ် ၂၉ ရက်) နေ့လယ် ၂ နာရီဝန်းကျင်ခန့်တွင် အမျိုးသမီးများကို စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

သရက်ပြင်ကျေးရွာမှ အမျိုးသမီးများကို ၅၅၁ တပ်ရင်းမှ ခေါ်ဆောင်သွားပြီး ပါသွားသည့်အရေအတွက်ကို မသိရသေးကြောင်း ဘူးသီးတောင်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

“သရက်ပြင်ရွာမှာ မနက်မိုးလင်းကတည်းက (၅၅၁)တပ်က စစ်သားတွေ ပစ်နေကြတယ်။ စစ်သားတွေလာပြီးတော့ ကြာညိုပြင်နဲ့ သရက်ပြင်ကျေးရွာကြားကနေပြီးတော့ ပစ်နေကြတယ်။ မိန်းကလေးတွေကိုလည်း ခေါ်သွားတယ်လို့ သိရပါတယ်။ ဘယ်နှစ်ယောက်ပါသွားလဲ ဆိုတာလည်း အတိအကျမသိဘူး။ အခုကလည်း ပစ်သံတွေကြားနေရတယ်လို့ သိရတယ်။” ဟု ၎င်းကပြောသည်။

သရက်ပြင်ရွာနှင့် ချောင်းတစ်ဖက်ကမ်းမှာရှိသည့် ကြာညိုပြင်ကျေးရွာမှ ကျေးရွာသားများမှာလည်း ကျေးရွာအပြင်ဖက်တွင် စစ်သားများရှိနေခြင်းကြောင့် အိမ်ပြင်သို့တစ်ယောက်မှ မထွက်ရဲကြောင်းနှင့် သရက်ပြင်ကျေးရွာတွင် ဖမ်းဆီးခံရသည့် အမျိုးသမီးများကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သည့်ကို အတိအကျ မသိသေးကြောင်း ကြာညိုပြင် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှ ကပြောသည်။

“ ဒီမှာ တိုက်ပွဲလည်းမရှိဘူး။ ကျေးရွာက ဖမ်းဆီသွားတယ်လို့ပဲ သိရတယ်။ ဘယ်နှစ်ယောက်ပါသွားလဲ အတိကျမသိသေးပါဘူး။ ဒီနားမှာ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်ဖက်ကပဲ ပစ်နေတယ်။ ” ဟု ၎င်းကပြောသည်။

ကြာညိုပြင်ကျေးရွာသားများမှာလည်း ရွာအနီးဝန်ကျင်းတွင် စစ်သားများ သွားလာနေခြင်းကြောင့် အပြင်သို့်တစ်ယောက်မှ မထွက်ရဲကြောင့် ကြာညိုပြင်ကျေးရွာမှ ကိုဇော်ဝင်းနိုင်ကပြောသည်။

“ကျနော်တို့က အပြင်ကိုမထွက်ရဲဘူး။ ရွာထဲကိုလည်း စစ်သားတွေက မကြာခဏဝင်လာတာကြောင့် ရွာကလူတွေ တစ်ယောက်မှ အိမ်အပြင်မထွက်ရဲဘူး။ ကျနော်တို့အကုန်းလုံးလည်း ကြောက်နေကြပါတယ်။” ဟု ၎င်းကပြောသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ဗိုလ်မှုုးချုပ် ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းရာတွင် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိခဲ့ပေ။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...