စစ်ရှောင်လာသူများထဲတွင် အသက် ၁၀၈ နှစ်အရွယ် အဖွားအိုတစ်ဦးပါဝင်

စစ်ရှောင်လာသူများထဲတွင် အသက် ၁၀၈ နှစ်အရွယ် အဖွားအိုတစ်ဦးပါဝင်

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က မြောက်ဦးမြို့နယ် ဘုရားကြီးကျေးရွာတွင် ပစ်ခတ်မှုများကြောင့် တိမ်းရှောင်လာကြသူများထဲတွင် အသက် ၁၀၈ နှစ်အရွယ် အဖွားတစ်ဦးပါဝင်သည်။

အဆိုပါ အဖွားအိုမှာ ဒေါ်အောင်မညို ဖြစ်ပြီး မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းကယ်ဆယ်ရေး စခန်း၌ သမီးလတ်ဖြစ်သူ ဒေါ်မတင်ရီ အသက် ၆၇ နှစ်နှင့်အတူ လာရောက် ခိုလှုံနေခြင်းဖြစ်သည်။

" သူ့ကို ချီပိုးပြီး ယူလာခဲ့ကြတဲ့အတွက် ကိုယ်လက် အနည်းငယ် နာကျင်တာတော့ရှိတယ်။ အခုတော့ ကျန်းကျန်းမာမာ ရှိနေပါတယ်” ဟု သမီးဖြစ်သူက ပြောသည်။

စင်းဘောကိုင်း ကယ်ဆယ်ရေးစခန်းတွင် လူ ၁၅၀၀ ကျော်ရှိနေပြီး လူများ၏ ဆူညံသံများကြောင့် အဖွားအိုတွက် အနေရခက်ခဲပြီး တာပေါ်လင်အမိုးမှာလည်း နိမ့်လွန်းသဖြင့် အပူဒဏ်ကို ပြင်းထန်းစွာ ခံစားနေရသည်ဟု အဖွားဒေါ်အောင်မညိုက ပြောသည်။

အဖွားဒေါ်အောင်မညိုမှာ မျက်စေ့နှစ်ဖက်စလုံး မမြင်တော့သော်လည်း အရာအားလုံးကို မှတ်မိနေပြီး ဂျပန်ခေတ် စစ်ဖြစ်ချိန်ကလည်း တစ်ကြိမ်စစ်ရှောင်ဖူးကြောင်း ပြောသည်။

သက်ကြီးရွယ်အို အဖွားတစ်ဦးအတွက် ကယ်ဆယ်ရေးစခန်း၌ နေထိုင်ရသဖြင့် အပေါ့အပါးကိစ္စက အစ အခက်အခဲများရှိနေပြီး သက်တောင့်သက်သာ နေထိုင်နိုင်အောင် စီစဉ်ပေးချင်သော်လည်း နေရာထိုင်ခင်းမှအစ အခက်အခဲများရှိနေကြောင်း သမီးဖြစ်သူ ဒေါမတင်ရီကပြောသည်။

စင်ဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် မော်ရွာဟောင်း၊ မော်ရွာသစ်၊ ဘရားကြီး စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ငါးခုမှ လူဦးရေ ၁၅ဝဝ ကျော် လာရောက်ခိုလှုံလျက်ရှိသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...