ဂုံးသေဆုံးမှု လူမှုကွန်ရက်ပေါ်တင်သဖြင့် တရားစွဲဆိုခံထားရသူ၏ ပထမအကြိမ်ရုံးချိန်းတွင် တရားလိုဘက်က မရောက်

ဂုံးသေဆုံးမှု လူမှုကွန်ရက်ပေါ်တင်သဖြင့် တရားစွဲဆိုခံထားရသူ၏ ပထမအကြိမ်ရုံးချိန်းတွင် တရားလိုဘက်က မရောက်
ကိုမျိုးလွင်အား အမ်းမြို့နယ်ရဲစခန်းက ငွေကျပ် (၁၅)သိန်းဖြင့် အာမခံပေးထားခြင်းဖြစ်သည်။ ဓာတ်ပုံ - ကိုမျိုးလွင်
ကိုမျိုးလွင်အား အမ်းမြို့နယ်ရဲစခန်းက ငွေကျပ် (၁၅)သိန်းဖြင့် အာမခံပေးထားခြင်းဖြစ်သည်။ ဓာတ်ပုံ - ကိုမျိုးလွင်

ကျောက်ဖြူမြို့နယ်အတွင်းတွင် ဂုံးအမြောက်အများ သေဆုံးမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့မှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က)ဖြင့် တရားစွဲဆိုခံထားရသည့် အမ်းမြို့နယ် ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင်ကို အမ်းမြို့နယ် တရားရုံးတွင် မတ်လ ၁၄ ရက်နေ့က ပထမအကြိမ် ရုံးချိန်းသော်လည်း တရားလိုဘက်က ရောက်လာခြင်း မရှိသောကြောင့် လာမည့် မတ်လ (၂၆) ရက်သို့ ပြန်လည်ချိန်းဆိုလိုက်သည်ဟု ကိုမျိုးလွင်က ပြောသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက ကျောက်ဖြူမြို့နယ်တွင် ဂုံးအမြောက်အများသေဆုံးခြင်း နှင့် ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်တွင် ဖော်ပြခဲ့သောကြောင့် သတင်းမှားကို ဖြန့်ဝေမှုဖြင့် အမ်းမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက လွန်ခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“မနေ့က ပထမအကြိမ်ရုံးချိန်းပါ။ မစစ်ဆေးဖြစ်ပါဘူး။ တရားလို ဒုမြို့နယ် အုပ်ချုပ်ရေးမှူး မရောက်လာဘူး။ ၂၆ ရက်နေ့ကို ပြန်ပြီးရုံးချိန်းလိုက်ပါတယ်” ဟု ကိုမျိုးလွင်က ဆိုသည်။

ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ရေ အရောင်ပြောင်းလဲမှု ဖြစ်ပေါ်ပြီးနောက် မြို့နယ် (၅)မြို့နယ်တွင် သား၊ ငါး၊ ပုဇွန်၊ ဂဏန်း၊ ဂုံးကောင် သေဆုံးမှုများ ရှိခဲ့သည်။

သို့သော် ဖြစ်ရပ်၏ အကြောင်းရင်းခံကို အဖြေမရှာပဲ တရားစွဲဆိုခြင်းမှာ ယင်းဖြစ်စဉ်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းလောဟု သံသယဖြစ်မိသည်ဟု ကိုမျိုးလွင်က ဆိုသည်။

 “ကျွန်တော်တို့ မြို့နယ်(၅)မြို့နယ်မှာလည်း အချက်အလက်တွေ ကောက်ခဲ့တယ်။ ငါး၊ ပုဇွန်၊ ဂဏန်း၊ ခုံးကောင်တွေက သေဆုံးတာတွေရှိခဲ့တယ်။ ရှာဖွေဖမ်းဆီးရမိမှုဟာလည်း လျော့ကျသွားခဲ့တယ်လို့ ရေလုပ်သားတွေက ပြောကြတယ်။ ခုံးကောင်တွေဆိုရင်လည်း ပုံမှန်ကောက်တဲ့ နေရာတွေမှာ ကောက်လိုက်လို့ရှိရင် အသေတွေ တွေ့တာများတယ်။ ဖြစ်ရပ်တဲ့အကြောင်းရင်းခံကို အဖြေမရှာဘဲ တရားစွဲတယ်ဆိုတော့ ဖြစ်စဉ်အပေါ်မှာ ဖုံးကွယ်ဖို့ ကြိုးစားသလားဆိုတာကို သံယဖြစ်မိတယ်” ဟု ၎င်းက ပြောသည်။

တရားစွဲဆိုခံရသည့် ကိုမျိုးလွင်အား အမ်းမြို့နယ်ရဲစခန်းက ငွေကျပ် (၁၅)သိန်းဖြင့် အာမခံပေးထားခြင်းဖြစ်ပြီး (၄) လကျော်အကြာတွင် ယခုကဲ့သို့ ရုံးချိန်ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ရေတွင် ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဂုံးများ အစုလိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့သောကြောင့် ပြည်သူလူထုများက စိုးရိမ်မှုမြင့်တက်သွားခဲ့ကြသည်။ ဂုံး သေဆုံးခြင်းမှာ မိုးရေများပြီး ရေချိုဝင်ရောက်မှုကြောင့် သေဆုံးခြင်းဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ကိုမျိုးလွင်သည် အမ်းမြို့နယ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လယ်ယာမြေ လျော်ကြေးပြဿနာနှင့် ပတ်သက်၍ တရုတ် CNPC ကုမ္ပဏီနှင့် MOGE ကို သင်္ချိုင်း ၄ ခုတွင် ကျိန်စာ တိုက်မှုဖြင့်လည်း ငြိမ်းစုစီဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...