မြေယာဆိုင်ရာ ဥပဒေ (၆)ခုပြင်ဆင်ရေး မြစ်ကြီးနားတွင် ဆွေးနွေး

မြေယာဆိုင်ရာ ဥပဒေ (၆)ခုပြင်ဆင်ရေး မြစ်ကြီးနားတွင် ဆွေးနွေး

ပြည်သူလူထုကို ဆုံးရှုံးနစ်နာစေမည့် အစိုးရ၏ မြေယာဆိုင်ရာ ဥပဒေ ပုဒ်မ(၆)ခုမှ အချို့ကို ပြင်ဆင်ရန်လိုအပ်ကြောင်း နိုင်ငံရေးပါတီ ဦးဆောင်သော လူထုဆွးနွေးပွဲ တစ်ရပ်ကို ဗုဒ္ဓဟူးနေ့ မြစ်ကြီးနားမြို့ YMCA ခန့်မတွင် ပြုလုပ်ခဲ့သည်။

ပြည်သူများ၏ အခွင့်ရေး ဆုံးရှုံးနစ်နာစေသည့် ‘နိုင်ငံခြား နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁၅(ဂ)နှင့်ပုဒ်မ ၁၆ပုဒ်ခွဲ(၅)၊ ၂၀၁၈ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ပြင်ဆင်ချက် ဥပဒေပုဒ်မ ၂၇နှင့်ပုဒ်မ ၂၂(ခ)၊ ၂၀၁၂ လယ်ယာမြေ ဥပဒေအခန်း(၂)ပုဒ်မ ၆(က) ပုဒ်ခွဲ(၅)နှင့် ပုဒ်မ ၇၊ ၈’ တို့ကို ပြင်ဆင်ရန် လိုအပ်သည်ဟု ဆွေးနွေးပွဲ ဦးဆောင်သူ ကချင်အမျိုးသားကွန်ဂရက် KNC ပါတီ ဥက္ကဌ Dr. Kawn La က ရှင်းပြသည်။

၂၀၁၈ စက်တင်ဘာ ၁၁ ရက်နေ့က ပြင်ဆင်ပြဌါန်းလိုက်သည့် မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေသစ်တွင် မြေယာများကို သတ်မှတ်ရက်အတွင်း မလျှောက်ဘဲ အသုံးပြုလျှင် ထောင်ဒဏ် ၂နှစ်ထိ သို့မဟုတ် ဒဏ်ငွေ ကျပ် ၅သိန်း ကျခံရမည်ဖြစ်ပြီး မြေလည်းသိမ်းယူခံရမည်ဟု ဆိုသော ပြစ်ဒဏ်ကို ဥပဒေမှာ ဖော်ပြထားပါသည်။

ယင်း မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေသစ်အရ သတ်မှတ်ရက် (၆)လ ကာလသည် ယခုအပတ် မတ်လ (၁၁)ရက် တနင်္လာနေ့ ကုန်ဆုံးပြီ ဖြစ်သည်။

ယခုလက်ရှိ တရားဝင် အသစ်ထုတ်ပြန်ထားသော မြေလွတ်မြေလပ်မြေရိုင်း ဥပဒေနှင့်ပတ်သက်ပြီး အစိုးရက ပြည်သူလူထုကို တိတိကျကျ ရှင်းပြခြင်း မရှိသောကြောင့် တိုင်းရင်းသားဒေသများတွင် မြေယာ ပြဿနာများ ကြုံတွေ့နေရကြောင်း ဝိုင်းမော်မြို့နယ်မှ မြေယာဆိုင်ရာ ရှေ့နေ ဦးဂေးနစ် ကချင်သတင်းဌာန KNG ကို ပြောဆိုထားသည်။

“ကျနော်အနေနဲ့ပြောရမယ်ဆိုရင်း လက်ရှိမြေလွတ်မြေလပ် ဒီ ဥပဒေတိုင်းဆိုရင် လယ်ယာမြေတွေ ပျောက်ဆုံးသွားပြီး စီးပွားရေးလုပ်ငန်းရှင်များရဲ့ အဆောက်အဦးတွေဖြစ်လာနိုင်တယ်။ နောက်တစ်ခုက တိုင်းရင်းသားဒေသများတွင်မှာက လယ်ယာမြေဆိုတာက ဘိုးဘွားပိုင် လယ်ယာမြေတွေဖြစ်တယ်။ ဒီလယ်ယာမြေတွေကို လက်ဆက်ထိန်းသိမ်းရန်အတွက် ဘယ်လိုပုံစံဖြင့် လျှောက်ထားရယူရမယ်ဆိုတာ တစ်ချို့က နားမလည်ကြဘူး။ သက်ဆိုင်ရာ မြေခွန် ပေစာအသီးသီးရယူထားရမယ်ဆိုတာလည်းနားမလည်ကြဘူး။ ဆိုတော့ ဒီမှာက နိုင်ငံခြားသားတွေ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာတော့ ဒေသခံတောင်သူတွေနဲ့ ကုမ္ပဏီကြား အငြင်းပွားမှု ပြဿနာတွေ များလာတယ်။ ဒါကြောင့် တိုင်းရင်းသားဒေသခံများရဲ့ လယ်ယာမြေများ အများအပြား ဆုံးရှုံးနစ်နာမှုတွေရှိလာတယ်” ဟု ပြောဆိုသည်။

အထက်ပါ ဥပဒေပုဒ်မများကို ပြုပြင်ပြောင်းလဲ ပြင်ဆင်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ CSO လူမှုအဖွဲ့အစည်းများ အားလုံးဝိုင်းဝန်းပူးပေါင်း တိုက်တွန်းဆောင်ရွက်ရန် တာဝန်ရှိကြောင်းကို Dr. Kawn La က တိုက်တွန်းသည်။

အသစ်ပြင်ဆင်သော အစိုးရ၏ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ အရ အထူးသဖြင့် ကချင်ဒေသတိုက်ပွဲကြောင့် မိမိနေရပ် စွန့်ခွာပြီး ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသော ကချင်စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်အတွက် ၎င်းတို့ပိုင်အိမ်ခြံနှင့်လယ်ယာမြေများ သိမ်းပိုက်ခြင်းခံရမည့် အန္တရာယ်နှင့် ယခု ရင်ဆိုင်နေရပြီဖြစ်သည်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...