ယိုးတရုပ်ရဲကင်းစခန်းမှ ကျဆုံးတပ်ဖွဲ့ဝင်များ၏ မိသား စုဝင်များကို ရဲတပ်ဖွဲ့က ၁၀ သိန်း၊အစိုးရက သုံးသိန်းကျပ် ထောက်ပံ့

ယိုးတရုပ်ရဲကင်းစခန်းမှ ကျဆုံးတပ်ဖွဲ့ဝင်များ၏ မိသား စုဝင်များကို ရဲတပ်ဖွဲ့က ၁၀ သိန်း၊အစိုးရက သုံးသိန်းကျပ် ထောက်ပံ့

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုတ် ရဲကင်းစခန်းကို ရက္ခိုင့်တပ်မတော်(AA)က ဝင်တိုက်ခိုက်ခဲ့သောကြောင့် သေ ဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်(၉) ဦး၏ မိသားစုဝင်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ငွေကျပ် ၁၀ သိန်းနှင့် ပြည်နယ် အစိုးရက ငွေကျပ် ၃ သိန်းကျပ် ထောက်ပံ့ပေးခဲ့သည်ဟု ဝန်ကြီးချုပ်ဦးညီပု၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းအပြင် ဆန်တစ်အိတ်နှင့် မိသားစုသုံးပစ္စည်းများကိုလည်း ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးခဲ့ ကြသည်။

လုံခြုံရေးအပိုင်းသည် များစွာထိလွယ်ရှလွယ်ရှိပြီး အန္တရာယ်၊ ဆုံးရှုံးမှုနှင့်ပေးဆပ်မှု အများဆုံးရှိပါကြောင်း၊ မိမိတို့အနေဖြင့် ယခုဖြစ်ပျက်ခဲ့ သည့် အဖြစ်အပျက်အတွက် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ ယခုအဖြစ်အပျက်နှင့် ကြုံတွေ့ခဲ့ကြရသည့် မိသားစုဝင်များနေဖြင့်လည်း အားမငယ်ကြရန် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားသည်။

ဆက်လက်ပြီး မိမိတို့အနေဖြင့် လတ်တလော ပံ့ပိုးကူညီရမည့်အပိုင်းများကိုလည်း ပံ့ပိုးကူညီ ပေးသွား မည်ဖြစ်ပါကြောင်း၊ မိသားစုဝင်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေး ကိစ္စများကိုလည်း ဆက်လက်၍ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။

မတ်လ ၉ ရက်နေ့က ယိုးတရုတ်ရဲကင်းစခန်းကို ရက္ခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ ဝင် ၉ ဦးကျဆုံးသွားက နှစ်ဦးဒဏ်ရာရရှိသွားသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...