တိုက်ပွဲကြောင့် ၅ နှစ်အရွယ်ကလေး လက်နက်ကြီးကျည်စ ထိမှန် လားရှိုးဆေးရုံရောက်

တိုက်ပွဲကြောင့် ၅ နှစ်အရွယ်ကလေး လက်နက်ကြီးကျည်စ ထိမှန် လားရှိုးဆေးရုံရောက်

သျှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေကြောင့် ကလေးငယ်တဦးခေါင်းမှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရလို့ နယ်စည်းမခြား လူမှုကူညီရေးအဖွဲ့ကနေ လားရှိုး ဆေးရုံကိုပို့ပေးထားတယ်လို့သိရပါတယ်။

မတ်လ ၄ ရက်နေ့က  မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ RCSS တို့အကြား သီပေါမြို့နယ် (သီပေါ-ကျေးသီး-မိုင်းကိုင် ကြား) လွယ်ငင်းရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ဟာ ရွာထဲမှာကျတာကြောင့် နေအိမ်တလုံးကိုကျည်စ တွေထိမှန်ခဲ့ရာကနေ အသက် ၅ နှစ်အရွယ်ကလေးငယ်တဦးကို ကျည်စ ထိမှန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နယ်စည်းမခြား ပရဟိတအဖွဲ့နဲ့အတူ ကလေးငယ်ကိုဆေးရုံပို့ရာမှာ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့ မန်လီဒေသခံ မိုင်းစိုင်း ကတော့ -“   လွယ်ငင်းရွာသားလေးပါ။ ကျနော်တို့ မန်လီဘုန်းကြီးကျောင်းကို ရောက်လာတာ ၂ ရက်ရှိပြီ။ ဒဏ်ရာက စိုးရိမ်ရတဲ့အဆင့်တော့မဟုတ်ဘူးဆိုပေမယ့်ကလေးဆိုတော့ လားရှိုးဆေးရုံကိုဆက်ပို့လိုက်တာပါ။ ကလေးက တအာင်းလူမျိုးဆိုတော့ ကျနော်က ကူညီပေးတဲ့ နယ်စည်းမခြားအဖွဲ့နဲ့လိုက်ပြီး ဘာသာပြန်ပေးတာပါ။ ” – လို့သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

လွယ်ငင်းရွာမှာ တအာင်းနဲ့ သျှမ်းလူမျိုးရောနှောနေထိုင်လျှက်ရှိပြီး လက်နက်ကြီးကျည်စ ထိမှန်တဲ့ ကလေးကတော့  မိုင်းအောင်ခမ်း (အသက် ၅ နှစ်) ဖြစ်ပါတယ်။ အဖွားဖြစ်သူနဲ့ နို့စို့အရွယ် ကလေးပိုက်ထားတဲ့ မိခင်ဖြစ်သူတဲ့အတူ နေထိုင်ပါတယ်။

မတ်လ ၄ ရက်နေ့ကဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် လွယ်ငင်းရွာသား ၆၀၀ ကျော်ဟာ မန်လီရွာ ဘုန်းကြီးကျောင်းကို ခိုလှုံနေခဲ့ရပါတယ်။ တိုက်ပွဲဆက်မဖြစ်တော့ဘူးဆိုပေမယ့် စစ်ရေးတင်းမာ နေတဲ့အခြေအနေမို့ ကနေ့အထိ ရွာသားတွေဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။ လက်ရှိမှာ သီပေါမြို့နယ်မှာ စစ်ဘေးရှောင် ၂၄၀၀ ကျော်ရှိနေပြီးတော့ စားနပ်ရိက္ခာအထူး လိုအပ်နေတယ်လို့သိရပါတယ်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...