သီပေါစစ်ဘေးရှောင်များ စားနပ်ရိက္ခာအထူးလိုအပ်

သီပေါစစ်ဘေးရှောင်များ စားနပ်ရိက္ခာအထူးလိုအပ်
Photo Credit to Zawnyi Nyikyi (Dear Ranger) /မန်လီဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်ရွာသားတချို့
Photo Credit to Zawnyi Nyikyi (Dear Ranger) /မန်လီဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်ရွာသားတချို့

သျှမ်းပြည်မြောက်ပိုင်း တွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်မှ စွန့်ခွါနေရသော စစ်ဘေး ရှောင်များအတွက် စားနပ်ရိက္ခာအထူးလိုအပ်နေကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့အထိ သီပေါမြို့ရောက် စစ်ဘေးရှောင် ၁၇၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် စားနပ် ရိက္ခာအထူးလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေးကော်မတီကပြောသည်။

“အခုကျနော်တို့အထူးလိုအပ်နေတာက စားနပ်ရိက္ခာပေါ့။ အဝတ်အထည် အိပ်ရာထိုင်ခင်းမလိုဘူး။ ကျနော်တို့ရှိထားတဲ့ စားနပ်ရိက္ခာကကုန်ခါနီးနေပြီ။ ရပ်နီးရပ်ဝေးက လှူဒါန်းဝေမျှလိုနဲ့စေတနာရှင်တွေကို ဖိတ်ခေါ်ပါတယ်ခင်ဗျ။” – ဟု စစ်ရှောင်ကူညီရေးကော်မတီဝင် သီပေါမြို့နယ် ကျားဖြူပါတီ မြို့နယ်အတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။

နမ္မတူမြို့နယ် ချောင်းဆာအုပ်စု မန်လီကျေးရွာတွင် တိုက်ပွဲများဖြစ်ပွါးမှုကြောင့် မတ်လ ၃ ရက်နေ့က စစ်ဘေးရှောင် ၆၀ က သီပေါမြို့နယ် မိုးတေအုပ်စု ကွန်းစန်လိတ်ကျောင်းသို့ လည်းကောင်း၊ မိုးတေရွာနှင့် မန်မိုင်ရွာမှ ဒေသခံ ၃၄ ဦးမှာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက် ဘိုးတော်ကျောင်းတိုက်သို့လည်းကောင်း၊ နားမခေါ်အုပ်စု တွန်ကျိုင်းရွာသား တာလုံရွာသား ၂၆ ဦးမှာ နားမခေါ်ဘုန်းကြီးကျောင်းသို့လည်းကောင်း အသီးသီးရောက်ရှိခိုလှုံခဲ့ကြသည်။

ထို့အတွက်လက်ရှိတွင် သီပေါမြို့နယ်အတွင်း ကျင်သီအုပ်စု ဘုန်းကြီးကျောင်း၊ မန်လီအုပ်စုဘုန်းကြီးကျောင်း၊ ပန်းတိမ်တောင်ရပ်ကွက် ဘိုးတော်ဘုန်းကြီးကျောင်း၊ တောင်မြို့ရပ်ကွက် ၂၅၀၀ ဘုန်းကြီးကျောင်း၊ တုံစင့်အုပ်စု အမက ကျောင်း၊ နားမခေါ်အုပ်စုဘုန်းကြီးကျောင်း၊ မိုးတေအုပ်စု ကွန်းစန်လိတ်ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင် အိမ်ထောင်စု ၄၅၀ ၊ လူဦးရေ ၁၇၈၀ ဦး ရောက်ရှိခိုလှုံနေကြောင်း သိရပါသည်။ ၄င်းတို့အနက် အသက် ၁၂ နှစ်အောက် စစ်ဘေးရှောင် ကလေးငယ် ရ၀၀ နီးပါးရှိကြောင်းသိရသည်။

၂၀၁၈ ခုနှစ်နှောင်းပိုင်းကတည်းကစပြီး တိုက်ပွဲအခြေအနေအပေါ်မူတည်၍ စစ်ဘေးရှောင်များသည် အဆိုပါဘုန်းကြီးကျောင်းများသို့ မပြတ်ရောက်ရှိခိုလှုံလျှက်ရှိရာ လက်ရှိတွင် သီပေါမြို့စစ်ဘေးရှောင်ကူညီရေး ကော်မတီများအပြင် နယ်စည်းမခြားပရဟိတ၊ ဒီးယားရိန်းဂျား ပရဟိတ အစရှိ လူမှုကူညီရေးအသင်းအဖွဲ့များ ရပ်နီးရပ်ဝေးမှ စေတနာရှင်များ အဖွဲ့အစည်းတချို့က ကူညီထောက်ပ့ံမှုပေးနေကြောင်းသိရသည်။

သီပေါစစ်ဘေးရှောင်များအား ကူညီထောက်ပ့ံမှုပေးလိုပါက – 094 037 64777 ၊ 099 568 82654 ၊ 097 879 79140 (စစ်ရှောင်ကူညီရေးကော်မတီ) သို့ ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...