တရုတ်ရောက် ကိုယ့်နိုင်ငံကကုန်ကားများနဲ့ ကိုယ့်နိုင်ငံရောက် တရုတ်နိုင်ငံကကုန်ကားများ ဘယ်လိုကွာခြားလဲ

တရုတ်ရောက် ကိုယ့်နိုင်ငံကကုန်ကားများနဲ့ ကိုယ့်နိုင်ငံရောက် တရုတ်နိုင်ငံကကုန်ကားများ ဘယ်လိုကွာခြားလဲ
Photo Muse Youth- တရုတ်မြန်မာနယ်စပ်ကကုန်ကားများ
Photo Muse Youth- တရုတ်မြန်မာနယ်စပ်ကကုန်ကားများ

သို့ – လေးစားရပါသော သျှမ်းသံတော်ဆင့်သတင်းဌာန မှတဆင့်

မြန်မာနိုင်ငံတော်အကြီးအကဲများသိရှိစေရန်

ကျနော်သည် မြန်မာ-တရုတ် နယ်စပ် မူစယ်မြို့ အနီးမှာ နေထိုင်ပါသည်။

ကျနော်တို့ မြန်မာနိုင်ငံမှ ကားများသည် တရုတ်နိုင်ငံထဲသို့ တရားဝင်ပေါက်မှ ၀င်သွားသော်လည်း တရုတ်နိုင်ငံထဲသို့(ရွှေလီမြို့ နှင့် နောင်တောင်းမြို့ကြား) ရောက်သွားလျှင် တရုတ်ရဲများ၏ ဖမ်းဆီးခြင်းခံရပြီး မြန်မာနိုင်ငံသားပိုင် ကားတစ်စီး ကို တရုတ်ငွေ ယွမ် ၁၀၀၀၀ (ကျပ်သိန်း၂၀)မှ ၁၅၀၀၀ (ကျပ်သိန်း၃၀) အထိ တစ်လ အချိန် သတ်မှတ်ပြီး ကိုယ့်အစီအစဉ်နဲ့ကို ပြန်လည်ရွေးယူခိုင်းပါသည်။

တစ်လထက်ကျော်လွန်ပြီး မရွေးနိုင်ပါက အရည်ကြိုစက်ရုံသို့ ပို့ဆောင် ဖျက်ဆီးကြပါသည်။

သို့ပေမဲ့ တရုတ်နိုင်ငံသားပိုင် တရုတ်နံပါတ်ပြားကုန်တင်ကားကြီး နှင့်ကားသေးများသည် မြန်မာနိုင်ငံအတွင်းသို့ တရားဝင်ပေါက် သို့မဟုတ် တရားမဝင်ပေါက်မှ ၀င်ရောက်လာပါက မြန်မာနိုင်ငံဘက်မှ ဖမ်းဆီးအရေးယူစစ်ဆေးခြင်းမတွေ့ရှိရဘဲ တရုတ်ကုန်တင်ကား တစ်စီးလျှင် မူဆယ်မြို့အဝင် ပန်ခမ်းတံတားထိပ်တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်သူ့စစ်တပ်ဖွဲ့နှင့်မသထ အဖွဲ့ တို့ထံ တစ်စီးလျှင် မြန်မာငွေကျပ် ၅၀၀၀ ခန့် ပေးဆောင်ပြီးပါက နမ့်ခမ်းမြို့ မှ မူစယ်ခရိုင် ကုန်သွယ်ရေးဇုန် ၁၀၅ မိုင်အထိ လွှတ်လပ်စွာသွားလာနေကြသည်ကိုတွေ့ရှိပါသည်။

၄င်းကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသားများအား တရုတ်အစိုးရမှ မတရားအနိုင်ကျင့်ခြင်းပြုလုပ်နေသည်မှာ ပေါ်လွင်လှပါသည်။

တရုတ်နိုင်ငံထဲ သို့ မြန်မာနိုင်ငံသားပိုင်ကားများ မဝင်ရောက်စေလိုပါက တရုတ်အစိုးရအဖွဲ့မှ တရားဝင်/ထွက်ပေါက်နေရာများတွင် ကြော်ငြာစာများကပ်ထားပေးစေလိုပါကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန မှ တဆင့် တင်ပြလိုက်ပါသည်

မှ – မိုင်းထွန်းနောင်(3/3/2019)

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...