မတ်လ ပထမပတ် တွင် CSSU တွေ့ဆုံမည်

မတ်လ ပထမပတ် တွင် CSSU တွေ့ဆုံမည်

သျှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU ) အစည်းအဝေးကို မတ်လ ပထမပတ်တွင် တောင်ကြီးမြို့တွင် ကျင်းပရန် စီစဉ်ထားဟု CSSU အလှည့်ကျ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောသည်။

CSSU အစည်းအဝေးကို မတ် ၅၊ ၆ ရက်တွင် တောင်ကြီးမြို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ အဆိုပါ အစည်းအဝေးသည် CSSU အလှည့်ကျ ဥက္ကဌ အသစ်ရွေးသွားမည် ဟုလည်း ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

“ အားလုံးတက်နိုင်အောင်တော့ ကျနော် ဖိတ်ထားတယ်။ ပွဲ အတွက်တော့ လက်ရှိမှာ အခက်အခဲမရှိသေးဘူး။ ဒီတခါ အစည်းအဝေးမှာ ဥက္ကဌ အသစ်ရွေးပါမယ်။ ဘယ်သူဆိုတာတော့ မသိသေးဘူး” ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

အလှည့်ကျ ဥက္ကဌ တာဝန် ထမ်းဆောင်စဉ် ကာလ အတွင်း ဦးစိုင်းအိုက်ပေါင်း အနေဖြင့် သျှမ်း တိုင်းရင်းသား လက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲရပ်တန့်ဖို့ကြိုးစား စာတင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“ကျနော်က ကြိုးစားပြီး လုပ်ပါတယ်။ကျနော် ထင်သလို တော့ မဖြစ်လာသေးဘူး။ လက်နက်ကိုင်၂ဖွဲ့က မညီသေးဘူး။ စာရေးပို့လည်း တိုက်ပွဲက ဖြစ်နေသေးတယ်။ ပြည်သူလည်း ဒုက္ခရောက်တယ်” ဟု အလှည့်ကျ ဥက္ကဌ က ပြောသည်။

သျှမ်း အချင်းချင်းတိုက်သည့် တိုက်ပွဲ၊ သျှမ်းပြည်နယ် အတွင်းဖြစ်သည့် တိုက်ပွဲ အမြန်ရပ်တန့်ရန် တောင်းဆိုချင်ကြောင်း နှင့် တိုက်ပွဲရပ်ပါက ပြည်သူများလည်း လယ်ယာမြေ ကို ကောင်းမွန်စွာ ပြန်လည် လုပ်နိုင်မည် ဟု ဦးစိုင်းအိုက်ပေါင်း က ထပ်လောင်းပြောသည်။

“ သျှမ်းတွေ စည်းရုံးဖို့ လိုတယ်။ လက်တွဲပြီး လုပ်ကြမယ်။ သျှမ်း တဖွဲ့တည်း တော့ မဖြစ်လာနိုင်ဘူး။ ကျနော်တို့ အဖွဲ့တွေ ကပေါင်းစည်းဖို့တော့မဖြစ်နိုင်ဘူး ” ဟုလည်း သူက ထပ်မံ ပြောဆိုလိုက်သည်။

သျှမ်းပြည် ညီညွတ်ရေး ကော်မတီ CUSS တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ) ( သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ သျှမ်း တိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် စိန်ကျော့ပြည်သူ့စစ် တို့ပါ၀င်သော ) SSJAC သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ တို့က ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင်မူ သျှမ်းပြည် တွင်း နိုင်ငံရေး ပါတီ နှင့် အရပ်ဘက် အဖွဲ့အစည်း များပူးပေါင်းပါ၀င်လာခဲ့ကြသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...