လက်နက်ကြီးကျည်ပေါက်ကွဲ၍ ကိုယ်ဝန်သုံးလရှိအမျိုးသမီးနှင့် လင်ယောက်ျားဖြစ်သူတို့သေဆုံး

လက်နက်ကြီးကျည်ပေါက်ကွဲ၍ ကိုယ်ဝန်သုံးလရှိအမျိုးသမီးနှင့် လင်ယောက်ျားဖြစ်သူတို့သေဆုံး

ပုဏ္ဏားကျွန်းမြို့နယ် အထက်သင်းပုန်းတန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးသေဆုံးသွားခဲ့ရာတွင် သုံးလသားအရွယ် ကိုယ်ဝန် ပါသွားခဲ့ကြောင်း ပိုးရွှီပြင်ဆရာဝန်နှင့် ကျေးရွာသားများမှ ပြောသည်။

သေဆုံးသွားသည့် ဦးမောင်ဦးထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်မဆန်းဝင်းတို့တွင် သား၊သမီးထွန်းကားမှု မရှိခဲ့သေးဘဲ သေဆုံးချိန်တွင် ဒေါ်မဆန်းဝင်း၏ဗိုက်အတွင်း၌ သုံးလသားကိုယ်ဝန်ကို လွယ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

“သူမမှာ ကိုယ်ဝန်သုံးလ၊ လေးလလောက်ပါသွားတယ်လို့ ရွာသားတွေကပြောတယ်။ ကိုယ်ဝန်လ အတိ အကျတော့ ကျနော်တို့လည်းမသိဘူး။ ကိုယ်ဝန်ပါသွားတယ်လို့တော့ သိရတယ်” ဟု ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်ကပြောသည်။

ဦးမောင်ထွန်းဦးနှင့် ဇနီးဖြစ်သူတို့မှာ ၎င်းတို့ပိုင်ဆိုင်သည့် ဥယျာဉ်မှ ကောက်ယူရရှိခဲ့သည့် လက်နက်ကြီးကျည်အား နေအိမ်သို့သယ်ဆောင်လာစဉ် လှေပေါ်၌ ၎င်းလက်နက်ကြီးကျည်ကို သစ်ခုတ်ဓားဖြင့် ခုတ်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းပေါက်ကွဲမှုကြောင့် ဦးမောင်ထွန်းဦးမှာ အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်မဆန်းဝင်းအား ပြင်းထန်ဒဏ်ရာများဖြင့် ပိုးရွှီပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းခုလတ်တွင် သေဆုံးသွားခဲ့ကြောင်း ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ သိရသည်။

“ပိုးရွှီပြင်ဆေးရုံမှာ စစ်ဆေးတဲ့အခါ ကိုယ်ဝန် ၃ လရှိတာတွေ့ရတယ်” ဟု ပိုးရွှီပြင်တိုက်နယ်ဆေးရုံမှ ဒေါက်တာဇော်ဇော်ထွန်းက ပြောသည်။

လက်နက်ကြီးပေါက်ကွဲခဲ့သည့် လှေပေါ်တွင် ဦးမောင်ထွန်းဦးနှင့် လင်မယားနှစ်ဦးအပြင် အထက်သင်းပုန်းတန်းကျေးရွာမှ အမျိုးသမီး ၂ ဦးလည်းလိုက်ပါလာခဲ့ပြီး ၎င်းတို့မှာ လှေအစွန်းနှစ်ဖက်မှ လှော်ခတ်နေ၍ ပေါက်ကွဲရာတွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း အထက်သင်ပုန်းတန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည့် ဦးမောင်ထွန်းဦးနှင့် ဇနီးဖြစ်သူ ဒေါ်မဆန်းဝင်းတို့ကို ယနေ့ နေ့လည်ပိုင်းက အထက်သင်းပုန်းတန်းကျေးရွာတွင် မြေမြုပ်သဂြိုဟ်ခဲ့ကြောင်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...