AA မှဖမ်းဆီးသွားသည့် ရဲစခန်းမှူးနှင့်အုပ်ချုပ်ရေးမှူးတို့ကို လာရောက်ခေါ်ယူရန် အကြောင်းကြားဟုဆို

AA မှဖမ်းဆီးသွားသည့် ရဲစခန်းမှူးနှင့်အုပ်ချုပ်ရေးမှူးတို့ကို လာရောက်ခေါ်ယူရန် အကြောင်းကြားဟုဆို

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာရဲကင်း စခန်းမှူးဆလိုင်းဘီးဖာနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချားဟော်တို့ကို ယနေ့တွင် လာရောက်ခေါ်ယူရန် AA တပ်ဖွဲ့က အကြောင်းကြားထားသည်ဟု သံထောင်ကျေးရွာလူကြီးတစ်ဦးကပြောသည်။

“သူတို့ခေါ်တာက တစ်ရွာကို ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ ကျေးရွာရပ်မိရပ်ဖ၊ သြဇာတိက္ကမကြီးရှိတဲ့ သူတွေပေါ့၊ ကျေးရွာတစ်ရွာကို နှစ်ယောက်နှစ်ယောက်စီပြောတယ်၊ ဒါပေမယ့် ပါစတာကြီးနှစ်ယောက်တော့သွားတယ်၊ အခုသွားနေပြီ သူတို့ချိန်းဆိုတဲ့နေကိုရောက်လည်း ရောက်နေပြီ ဒါမေယ့် ဘာသတင်းမှ မရသေးဘူး’’ ရွာလူကြီးကပြောသည်။

ယခုလ (၂၂) ရက်နေ့က ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့သည် သံထောင်ကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူး (ဆလိုင်းဘီးဗာ) နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး (ဦးချားဟော်) တို့ကိုဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးပြီး (၅) ရက်မြောက်နေ့တွင် AA တပ်ဖွဲ့က ပြန်လည်ခေါ်ခိုင်းခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်ကလည်း ယခုဖြစ်ဉ်နှင့်ပတ်သက်၍ ဒေသခံများမှ အကြောင်းကြားလာကြောင်း ဘာသာရေးဆရာနှင့် ရပ်မိရပ်ဖိများအနေဖြင့် သွားရောက်ခေါ်ယူကြရန် အကြံပြုထားသည်ဟု ဆိုသည်။ “စခန်းမှူးနှင့် အုပ်ချုပ်ရေးမှူးကိစ္စကို ညှိနှိုင်းဖို့တွက် လာခဲ့ပါဆိုပြီးတော့ လူ (၂၀) လောက် ဖိတ်တယ်ပြောတယ်၊ အဲဒီတော့ ကျွန်တော်တို့ဒေသကလည်းတစ်ချို့ကမသွားရဲဘူးပေါ့ မသွားရဲကျဘူး နောက်ပြီးတော့မှ လက်ရှိကလည်း တပ်ကလည်း အဲဒီဧရိယာမှာရောက်နေပြီဆိုတော့ အဲဒါကြောင့်တပ်နဲ့ AA နဲ့ တိုက်ပွဲတွေဖြစ်ပြီးတော့ သူတို့လည်းအခက်ခဲဖြစ်မှာ စိုးလို့မသွားရဲဘူး ဒါပေမယ့် ကျွန်တော်တို့ဖက်ကတော့ ဒီဘာသာရေးဆရာတွေပေါ့နော် ရပ်မိရပ်ဖတွေ ဒီလိုဆက်သွယ်တဲ့ ချိန်မှာ သူတို့လက်ခံတဲ့အချိန်မှာတော့ သူတို့ကိုသွားဆက်သွယ်သင့်တယ် မဟုတ်လို့ရှိရင် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးတို့ ဒီတိုင်းတော့လွတ်လာမှာမဟုတ်ဘူး ကိုယ့်ဒေသလူကတော့သွားဆက်သွယ်သင့်တယ်ဆိုပြီး ကျွန်တော်အကြံတော့ ပေးထားတယ်” ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...