သံတောင်ကျေးရွာရဲစခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ယနေ့ချိန်ထိ ပြန်မလွတ်လာသေး

သံတောင်ကျေးရွာရဲစခန်းမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ယနေ့ချိန်ထိ ပြန်မလွတ်လာသေး

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာ ရဲစခန်းမှူးနှင့် ကျေးရွာအုပ်ချူပ်ရေးမှူးတို့သည် ယနေ့ချိန်ထိ ပြန်လွတ်လာခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြသည်။

သံထောင်ကျေးရွာမှ ရွာလူကြီးတစ်ဦးက “ခုထိတော့ ပြန်လွတ်မလာသေးဘူး၊ ကျွန်တော်တို့အရမ်းစိုးရိမ်နေတယ်၊ တစ်ခုခုလုပ်မိမှာ ကျွန်တော်တို့အရမ်းစိုးရိမ်တယ်လေ၊ တစ်ခုခုလုပ်မိလို့ရှိရင်တော့ ကျွန်တော်တို့ ဟိုဟာပေါ့ အမျိုးသားရေးပြသာနာတွေလည်းစိုးရိမ်ရတယ်လေ၊ တစ်ဖက်နဲ့တစ်ဖက်”ဟု ပြောသည်။

ယခုလ (၂၂) ရက်နေ့က ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့သည် သံထောင်ကျေးရွာ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူး(ဆလိုင်းဘီးဗာ) နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး(ဦးချားဟော်) တို့ကိုဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ယနေ့ဆိုလျင် (၄) ရက်မြောက်ရှိပြီဖြစ်သည်။

AA တပ်ဖွဲ့အနေနှင့် ၎င်းတို့ (၂) ဦးကို လေမြို့မြစ် ရေတာကာတည်ဆောက်မည့်ဒေသ သံချောင်း၀ ဘက်သို့ ခေါ်ဆောင် သွားပြီး ထိုမှတဆင့် မည်သည့်နေရာဘက်သို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း အဆိုပါဒေသခံကပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ကတော့ စခန်းမှူးနှင့် အုပ်ချူပ်ရေးမှူးဘေးအန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေးအတွက် ဘာသာရေးအသင်းအဖွဲ့များ၊ ပါစတာများ၊ ရပ်မိရပ်ဖများမှတဆင့် AA တပ်ဖွဲ့နှင့် ဆွေးနွေးညှိနှိုုင်းရန် ဆောင်ရွက်လျက်ရှိ သည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးထက်ကဆိုသည်။

“ အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးလွတ်မြောက်နိုင်ဖို့ အခုကျွန်တော်တို့ ပါစတာတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ အဲဒီ AA နဲ့ သွားညှိနှိုင်းဖို့ ကျွန်တော်တို့ အခုပြင်ဆင်နေတယ်၊ တပ်ကလည်းအင်နဲ့အားနဲ့သွားရင် တပ် နဲ့ AA နဲ့တွေ့ရင်တော့ တိုက်ပွဲဖြစ်ရုံပဲရှိမယ် ညှိနှိုင်းလို့ရမှာမဟုတ်ဘူး ဒါကြောင့် ဘေးအန္တာရာယ်ကင်းကင်းနဲ့ လွှတ်လာဖို့တွက်က ညှိနှိုင်းပေါင်းစပ်တဲ့နည်းကိုအခုလက်ရှိမြေပြင်မှာတော့ ပါစတာတွေနဲ့ဆောင်ရွက်နေတယ်’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

သံထောင်ကျေးရွာ ရဲစခန်းမှူးနှင့် အုပ်ချူပ်ရေးမှူးတို့ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ယခုလ (၂၄) ရက်နေ့က သံထောင်ကျေးရွာတွင် ဒေသခံပြည်သူများက ဘာသာပေါင်းစုံဆုတောင်းပွဲပြုလုပ်ခဲ့ကြသေးသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...