အရက်မူးသည့် ဖခင်က သားကို ဓားဖြင့် ထိုး

အရက်မူးသည့် ဖခင်က သားကို ဓားဖြင့် ထိုး

သျှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံမြို့ ကတ်တောင်ကျေးရွာ အုပ်စု ပါစမ်ရွာ တွင် ဖခင်ဖြစ်သူ က သားဖြစ်သူအား ဓားဖြင့် ထိုး မိကာ သားဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။

Photo mmn (ktg) ဖေဖော်ဝါရီလ ၂၄ ရက် ညက သားဖြစ်သူအား ဓါးဖြင့်ထိုးသည့် စိုင်းအွန်ကျောက်

ဖေဖော်ဝါရီလ ၂၄ ရက် ည ၈နာရီက စိုင်းအွန်ကျောက် အသက် (၆၃)နှစ် နှင့် ဒေါ်နန်းဟောင်(၆၁)နှစ် တို့လင်မယားသည် အရက်အမူးလွန်သည့် ကိစ္စဖြင့် စကားများရန်ဖြစ်ကြရာ ကြားဝင် ဖြန်ဖြေပေးသည့် သားဖြစ်သူ စိုင်းခမ်းဆိုင် (အသက် ၃၀ နှစ်) အား ဖခင်ဖြစ်သူက ဓားဖြင့် ထိုးမိကြောင်း ကျိုင်းတုံ ဒေသခံ စိုင်းခမ်းဆိုင် ၏ သူငယ်ချင်း တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

“ သူ့အဖေ ( ဦးအွန်ကျောက် ) အရက် အမူးလွန်တော့ သူ့အမေ( ဒေါ် နန်းဟောင်) နဲ့ ရန်ဖြစ်စကားများကြတယ်။ အစကတော့ သမီးနဲ့ သမက် က ကြားဝင်ဖြန်ဖြေသေးတယ်။ မနိုင်လို့ စိုင်းခမ်းဆိုင်ကို ဖုန်းဆက် ခေါ်လိုက်တာ” ဟု ၎င်း သူငယ်ချင်းက ဆိုသည်။

မိဘ ၂ ပါးကို ရန်မဖြစ်ရန် စိုင်းခမ်းဆိုင်မှ တားမြစ်ခဲ့သော်လည်း အရက်မူးသည့် ဖခင် က ၎င်း ကိုင်ထားသည့် အရိုးအသွား ၈ လက်မ အရှည်ရှိ ဓားဖြင့် စိုင်းခမ်းဆိုင် ဝမ်းဗိုက်တွင် ၂ ချက် ထိုးသွင်းခဲ့ကြောင်း သိရသည်။

“ ဓားဒဏ်ရာ ၂ ချက် ရတယ်။ ကျိုင်းတုံ ဆေးရုံကို ပို့တဲ့လမ်းမှာပဲ ဆုံးသွားတယ်” ဟု စိုင်းခမ်းဆိုင် ၏ သူငယ်ချင်း က ဆိုပြန်သည်။

လက်ရှိမှာတော့ သားဖြစ်သူ (စိုင်းခမ်းဆိုင်) သေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်နန်းဟောင် က ကျိုင်းတုံမြို့မ ရဲစခန်းတွင် ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် ဦးအွန်ကျောက် ကို အမှုဖွင့်အရေးယူထားသည်ဟုသိရပါသည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...