ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်သူများ ပူပေါင်းပါဝင်ကြရန် ချင်းရေးရာဝန်ကြီးပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်သူများ ပူပေါင်းပါဝင်ကြရန် ချင်းရေးရာဝန်ကြီးပြော

တိုင်းရင်းသားများလိုလားတောင့်နေသည့် တန်းတူအခွင့်အရေးနှင့် ကိုယ်ပြဌာန်းခွင့်အာမခံပေးနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် (၂၀၀၈) ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အရေးကြီးပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တောင်ဖီလာရပ်ကွက် အားကစားကွင်းတွင် ယမန်နေ့ညက ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိူးသားနေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ချင်းရေးရာဝန်ကြီးက ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ယခုလက်ရှိ တိုင်းရင်းသားပြည်သူလူထုအားလုံးလိုလားတောင့်တနေတဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကိုအာမခံချက်ပေးနိုင်တဲ့အနာဂတ်ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ခိုင်မာစွာတည်ဆောက်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိုဖော်ဆောင်တဲ့နေရာမှာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်’’ ဟု ဝန်ကြီးက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယခုလက်ရှိတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီက လွှတ်တော်မှတဆင့် (၂၀၀၈) ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းဆောင်ရွက်နေပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီတရပ်ကိုလည်း အဖွဲ့ဝင်(၄၅) ဦးနှင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

ချင်းရေးရာဝန်ကြီး ဦးလာလ်ထောင်းထန်က ချင်းအမျိုးသားများအနေဖြင့် လူမျိုးစွဲဒေသအစွဲ ပုဂ္ဂိုလ်စွဲပါတီစွဲ ဂိုဏ်းဂန အစွဲမထားရှိပဲ မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်နှင့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ကြရန်လည်း လိုအပ်သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...