ရန်ကုန်မြို့တွင်ကျင်းပသည့် ချင်းအမျိုးသားနေ့မုဒ်ဦးကို ပြန်လည်ပြင်ဆင်

ရန်ကုန်မြို့တွင်ကျင်းပသည့် ချင်းအမျိုးသားနေ့မုဒ်ဦးကို ပြန်လည်ပြင်ဆင်

ချင်းလူမှုရေးအသင်း (All Chin Society-Yangon) မှ ကြီးမှူးကျင်းပသည့် ရန်ကုန်ြမို့၊ ချင်းအမျိူးသားနေ့မုဒ်ဦးသည် ချင်းအမျိူးသားနေ့နှင့် မသင့်လျော်သည့်အတွက် ယနေ့မနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်နေပြီဟု သိရသည်။

ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်ရှိ All Chin Society- Yangon ၏ ဘုံပိုင်မြေနေရာတွင် ဖေဖော်ဝါလ (၁၈) ရက်နေ့မှ စတင်ကျင်းပသည့် ချင်းအမျိူးသားနေ့အတွက် အသုံးပြုထားသည့် မုဒ်ဦးသည် ချင်းနှင့်သက်ဆိုင်သည့် သင်္ကေတများပါရှိခြင်းမရှိဘဲ ဘုရားပွဲမုဒ်ဦးကဲ့သို့ ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါမုဒ်ဦးကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယနေ့မနက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။

All Chin Society- Yangon အတွင်းရေးမှူး ဦးနိုင်းထန်က “ပထမလုပ်တာက ကျွန်တော်တို့ တာဝန်ပေးထားခြင်းခံရတဲ့ လူတွေက သူတို့ရဲ့ အနီးစပ်ဆုံးနေရာ ဘုရားပွဲမုဒ်ဦးလုပ်တဲ့နေရာမှာ သွားငှားပြီးတော့ အဲဒီအတိုင်းပဲ လာပြီးမှစိုက်သွားတာ၊ ဒါပေမယ့် ညနေပိုင်း မိုးချုပ်ခါနီးမှ ကျွန်တော်တို့စစ်ဆေးရေးဝင်တော့ အဲလိုမျိုးလုပ်သွားတာကိုတွေ့တာ၊ ဒီလိုပုံစံဖြစ်တယ်၊ ဒါကြည့်မကောင်းဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပြင်ဆင်ဖို့လိုတယ်ဆိုပြီး အခုပြန်လည်ပြုပြင်နေပါတယ်” ဟု ပြောသည်။

ယခုအခါ ချင်းအမျိူးသားမုဒ်ဦးကို ချင်းဘုံဝတ်စုံအနီနှင့် အနက်များဖြင့်ပြန်လည်ပြုပြင်လျက်ရှိသည်။ ရန်ကုန်မြို့တွင် ကျင်းပသည့် ချင်းအမျိူးသားနေ့ကို ဖေဖော်ဝါရီလ (၁၈) နှင့် (၁၉) နေ့ရက်တွင် အားကစားမျိုးပေါင်းစုံ၊ ပျော်ပွဲရွင်ပွဲနှင့် အပျော်တမ်းကစားခြင်းများဖြင့် ကျင်းပလျက်ရှိပြီး ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ချင်းအမျိူးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။

(ပုံစာ – ရန်ကုန်မြို့ ချင်းအမျိူးသားနေ့တွင် အသုံးပြုခဲ့သော ကနုတ်ပန်းများထိုးထားသည့် မုဒ်ဦးနှင့် အသစ်ပြန်လည်ပြုပြင်ပြောင်းလဲလိုက်သည့် ချင်းအမျိူးသားနေ့ မုဒ်ဦး)

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...