အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေးအတွက် အိန္ဒိယက စစ်အင်အားတိုးချဲ့ချထား

အိန္ဒိယ-မြန်မာ နယ်စပ်လုံခြုံရေးအတွက် အိန္ဒိယက စစ်အင်အားတိုးချဲ့ချထား

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်လာနေသည့်အတွက် နယ်စပ်လုံခြုံရေးတာဝန်ယူရန် အိန္ဒိယအစိုးရက တပ်အင်အား တိုးချဲ့ချထားသည်ဟုသိရသည်။

မြန်မာ့တပ်မတော်နှင့် (AA) တပ်ဖွဲ့တို့သည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ထိစပ်နေသည့် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် ယခုလကစ၍ တိုက်ပွဲများ သိသိသာသာတိုးလာနေပြီး အိန္ဒိယဘက်သို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက်မလာနိုင်ရန်နှင့် တိုက်ပွဲများကြောင့် အိန္ဒိယဘက်သို့ ထွက်ပြေးတိမ်းရှောင်လာနိုင်သည့် စစ်ဘေးဒုက္ခသည်များအား ကူညီနိုင်ရန် အိန္ဒိယစစ်တပ် တပ်ခွဲ (၂) ခုကို ယခုရက်ပိုင်းအတွင်း စေလွှတ်ထားသည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြထားသည်။

အိန္ဒိယစစ်တပ် တပ်ခွဲ (၂) ခုသည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း၊ လောင်တလိုင်ခရိုင်မှတဆင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ထွက်ခွါခဲ့ကြသည်ဟု သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

ယခုလက်ရှိ လောင်တလိုင်ခရိုင်တွင် ချင်းပြည်နယ်ဘက်မှ စစ်ဘေးဒုက္ခသည် ထပ်မံဝင်ရောက်ခြင်းမရှိသော်လည်း ၂၀၁၈ ခုနှစ်ဆန်းပိုင်းက မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်ခဲ့ကြသည့် ပြည်သူ (၃၀၀) ခန့်တို့သည် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေကြရဆဲဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာ (၈) ရွာခန့် ပျက်စီးပြီး ပြည်သူ (၁၀၀၀) နီးပါးခန့်တို့သည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးခိုလုံနေကြရပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာပါက စစ်ဘေးရှောင်ပြည်သူအရေအတွက် တိုးလာနိုင်သည်ဟု ပလက်၀ ဒေသခံတစ်ဦးကပြောသည်။

“ဒီရက်ပိုင်း တိုက်ပွဲဖြစ်တာတော့မကြားမိဘူး၊ ဒါပေမယ့် ပလက်ဝမြို့ပေါ်မှာ စစ်ရဟတ်ယာဉ်ကတော့ နေ့တိုင်းပျံနေတယ်’’ ဟု ပလက်ဝဒေသခံကပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...