တပ်မတော်နှင့် AA ကိစ္စ NCA လမ်းကြောင်းမှ ဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်ဟု CNF ပြော

တပ်မတော်နှင့် AA ကိစ္စ NCA လမ်းကြောင်းမှ ဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်ဟု CNF ပြော

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာတပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင်တပ်ဖွဲ့(AA) တို့အကြား ဖြစ်ပွားနေ သော တိုက်ပွဲများကို NCA(တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချူပ်) လမ်းကြောင်းမှ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်ကြောင်း ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။

“အဓိကကတော့ ပလက်ဝမှာဖြစ်နေတဲ့တိုက်ပွဲဘဲဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်မှာဖြစ်တဲ့တိုက်ပွဲဘဲဖြစ်ဖြစ်၊ အခု CNF က NCA လက်မှတ် ရေးထိုးထားတယ်၊ အစိုးရကလည်း အဲဒီ NCA လမ်းကြောင်းကို ဝင်လာကြပါဆိုပြီး ဖိတ်ထားတယ်၊ CNF က အဲဒီလမ်းကြောင်းကို သွားနေတယ်။ အဲဒီလမ်းကြောင်းကနေ လွတ်လွတ်လပ်လပ် မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်း မရှိဘူး။ အဲဒီနည်းလမ်းဘဲရှိတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့က လက်နက်ကိုင်ပြီးတော့မှ အစိုးရကိုဖြုတ်ချမယ်ဆိုတဲ့ ပေါ်လစီ မရှိဘူး။ ကျနော်တို့က တွေ့ဆုံဆွေးနွေးခြင်း စားပွဲဝိုင်းနိုင်ငံရေးအားဖြင့် နိုင်ငံရေးပြဿနာကိုဖြေရှင်းရမယ်။” ဟု ပူးထက်နီက ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်လက်နက်ကိုင်တပ်ဖွဲ့တို့ ချင်းပြည်နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲအပေါ် ချင်းအမျိုးသား တပ်ဦး၏ သဘောထားနှင့်ပတ်သက်၍ ပူးထက်နီက ယခုကဲ့သို့ ပြောဆိုသည်။

“ရိုးရိုးသားသား ကျနော့အနေနဲ့ပြောရရင် အဲဒီလိုပြဿနာဖြစ်တဲ့အခါ ကျနော်တို့ CNF အနေနဲ့ ဘယ်သူ့ကို သွားပစ်မလဲ၊ AA ကို သွားပစ်မယ်ဆိုရင် ကျနော်တို့က တိုင်းရင်းသားအချင်းချင်း၊ AA နှင့် CNF က ရည်မှန်ချက်ချင်းတူနေတယ်။ အစိုးရကို သွားပစ်မယ်ဆိုရင် ကျနော်တို့က အစိုးရနဲ့လက်မှတ်ထိုးထားတယ်။ ပစ်စရာမရှိဘူး။ အဲဒီတော့ CNF က ဘယ်လို သွားဖြေရှင်းမလဲ၊ ငါတို့က AA အနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တက်၊ အဲဒီလမ်းကြောင်းပေါ်ကိုလိုက်ကြည့်လိုက် အဲဒါတော့ ကျနော်တို့ရဲ့ ပေါ်လစီဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ အစိုးရကိုဘဲ သွားတိုက်မလား၊ AA ကိုဘဲ ပစ်မလား၊ ပြည်သူက ဘယ်လိုဆုံးဖြတ် မလဲ၊ ကျနော်တို့နိုင်ငံရေးရည်မှန်းချက်ကို ပြည်သူတွေကသိတယ်၊ ကျနော်တို့ ဘယ်လိုသွားဖြေရှင်းစေချင်သလဲ၊ ကျနော်တို့ သဘောကတော့ တိုက်ပွဲမဖြစ်နဲ့ ဆွေးနွေးမှုနဲ့လုပ်စေလိုတယ်” ဟု ပူးထက်နီက ပြောသည်။

ယခုလို တိုက်ပွဲဖြစ်ပွားလာသည့်အခါ ပြည်သူလူထု အနည်းနှင့်အများ ဒုက္ခရောက်နေကြရသောကြောင့် အကောင်းဆုံးမှာ ချင်းပြည်အတွင်း တိုက်ပွဲများ၊ စစ်ပွဲများ မဖော်ဆောင်တာအကောင်းဆုံးဖြစ်ပြီး AA တပ်မတော်အနေနဲ့လည်း ရခိုင်ပြည်နယ် အတွင်း ခြေကုပ်ယူနိုင်ရင်အကောင်းဆုံးဖြစ်သည်ဟု သူကဆက်လက်ပြောဆိုခဲ့သည်။

မြန်မာ့တပ်မတော်နှင့် (AA) တပ်ဖွဲ့အကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ခမောင်းဝကျေးရွာအပါအဝင် ကျေးရွာပေါင်း (၈) ရွာခန့် ပျက်ဆီးသွားပြီး ဒေသခံ ၈၀၀ ကျော်တို့သည် နီးစပ်ရာဆွေမျိူးများထံ ခိုလှုံနေကြရသည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...