မောင်တောမြောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုတွင် နယ်ခြားစောင့်ရဲတစ်ဦးကျဆုံး

မောင်တောမြောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုတွင် နယ်ခြားစောင့်ရဲတစ်ဦးကျဆုံး

မောင်တောမြို့နယ်မြောက်ပိုင်း ကာလဒေးကျေးရွာအနီးတွင် ယနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၂ နာရီကျော်မှ ၄ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၅)မှ ဒုရဲအုပ်တစ်ဦး ကျဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတိုက်ပွဲအတွင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်စိုးမောင်မောင်၏ ရင်ဝတွင် ကျည်ဆံထိမှန်ပြီး သေဆုံး သွားခဲ့ကြောင်း အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၀ ဦးသည် အောင်သပြေကျေးရွာနှင့် သုပဏ္ဏက ကျေးရွာကြားတွင် ကင်းပုန်းဝပ်နေစဉ် ရန်သူအင်အား ၃၀ ခန့်မှ ချည်းကပ်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ဦးကျတယ်လို့တော့ ပြောသံကြားပါတယ်။ ဘယ်အဖွဲ့နဲ့ ဖြစ်တာလဲတော့ မသိပါ”ဟု အောင်သပြေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဦးက ပြောသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...