ထိုင်းနယ်စပ်ရှိ RCSS တပ်စခန်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

ထိုင်းနယ်စပ်ရှိ RCSS တပ်စခန်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ
Photo : Google Map/ ထိုင်း- မြန်မာနယ်စပ် ရှိ လတ်တိုင်ရွာ ပြမြေပုံ ။ ပစ်ခတ်ခံရသော RCSS လွယ်လမ်တပ်စခန်းမှာ လတ်တိုင်ရွာနှင့်မျက်နှာချင်းဆိုင် နယ်စပ်မျဉ်းတဖက်ခြမ်း သျှမ်းပြည်နယ်အတွင်းတွင်တည်ရှိသည်။
Photo : Google Map/ ထိုင်း- မြန်မာနယ်စပ် ရှိ လတ်တိုင်ရွာ ပြမြေပုံ ။ ပစ်ခတ်ခံရသော RCSS လွယ်လမ်တပ်စခန်းမှာ လတ်တိုင်ရွာနှင့်မျက်နှာချင်းဆိုင် နယ်စပ်မျဉ်းတဖက်ခြမ်း သျှမ်းပြည်နယ်အတွင်းတွင်တည်ရှိသည်။

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း – မြန်မာနယ်စပ် ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်စခန်းတခုကို လက်နက်ကိုင်တပ် တခုက လက်နက်ကြီးဖြင့် ယနေ့ ညနေပိုင်းက ၄ ကြိမ်ပစ်ခတ်ကြောင်း သတင်းရရှိသည်။

ဖေဖေါ်ဝါရီ ၁၃ ရက် ညနေ ၅ ခွဲကျော်အချိန် ခန့်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံ မြို့နယ် မိုင်းထားမြို့နယ်ခွဲအတွင်းမှ – ထိုင်းနယ်စပ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အမှတ် ၁၁ ကင်းစခန်းတခုအား ဒေသအတွင်း လက်နက်ကိုင်တပ်တခုက လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်သည်ဟု မိုင်းတုံမြို့နယ်အတွင်းရှိ RCSS တပ်မှူးတဦးကပြောသည်။

“ညနေ ၆ နာရီလောက်ကပစ်ခံရတာ။ အခုကျနော်တို့လဲ စစ်ဆေးနေတယ်။ မိုင်းတော့ဘက်ကနေပစ်လာတာ။ အဲဒီမှာက အစိုးရတပ် ကော ၊ ၀ တပ်ကော ရှိတယ်။ ၆ ကြိမ်ပစ်တယ်။ ၄ ကြိမ်က တပ်အနီး လာကျတယ်။ ဘာမှ တော့မထိဘူး ။ ဘယ်သူပစ်တယ်ဆိုတာလဲမသိရသေးဘူး။”- ဟု ပြောသည်။

RCSS/SSA ၏ ပစ်ခတ်ခံရသော လွယ်လမ် တပ်စခန်းသည် ထိုင်းနိုင်ငံချင်းမိုင်မြို့ ၀ိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု ထိုင်း-မြန်မာနယ်စပ် လတ်တိုင်ရွာနှင့်မျက်နှာချင်းဆိုင် သျှမ်းပြည်ဘက်ခြမ်းတွင်ရှိပါသည်။ လတ်တိုင်ရွာ မှ နာရီဝက်ခန့် ဆိုင်ကယ်စီးသွားရသော ခရီးတွင်ရှိပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရ နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်တခုဖြစ်သည်။

အစိုးရတပ်မတော်၏ ဇန်နဝါရီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA အပါ အဝင် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကျူးကျော်လှုပ်ရှားနေသည့်နေရာမှ တပ်များလုံး ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး တပ်ဆုတ်ရုပ်သိမ်းပေးရန် အသိပေးထားသည်။ သို့သော် သျှမ်းပြည်တပ်မတော် RCSS/SSA ကမူ အစိုးရတပ်မတော် စွပ်စွဲသကဲ့သို့ သဘောတူညီချက် ချိုးဖေါက်ခြင်း တစုံတရာ မရှိဟု ထုတ်ပြန်ထားသည်။

May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...