ထိုင်းနယ်စပ်ရှိ RCSS တပ်စခန်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

ထိုင်းနယ်စပ်ရှိ RCSS တပ်စခန်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ
Photo : Google Map/ ထိုင်း- မြန်မာနယ်စပ် ရှိ လတ်တိုင်ရွာ ပြမြေပုံ ။ ပစ်ခတ်ခံရသော RCSS လွယ်လမ်တပ်စခန်းမှာ လတ်တိုင်ရွာနှင့်မျက်နှာချင်းဆိုင် နယ်စပ်မျဉ်းတဖက်ခြမ်း သျှမ်းပြည်နယ်အတွင်းတွင်တည်ရှိသည်။
Photo : Google Map/ ထိုင်း- မြန်မာနယ်စပ် ရှိ လတ်တိုင်ရွာ ပြမြေပုံ ။ ပစ်ခတ်ခံရသော RCSS လွယ်လမ်တပ်စခန်းမှာ လတ်တိုင်ရွာနှင့်မျက်နှာချင်းဆိုင် နယ်စပ်မျဉ်းတဖက်ခြမ်း သျှမ်းပြည်နယ်အတွင်းတွင်တည်ရှိသည်။

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း – မြန်မာနယ်စပ် ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်စခန်းတခုကို လက်နက်ကိုင်တပ် တခုက လက်နက်ကြီးဖြင့် ယနေ့ ညနေပိုင်းက ၄ ကြိမ်ပစ်ခတ်ကြောင်း သတင်းရရှိသည်။

ဖေဖေါ်ဝါရီ ၁၃ ရက် ညနေ ၅ ခွဲကျော်အချိန် ခန့်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံ မြို့နယ် မိုင်းထားမြို့နယ်ခွဲအတွင်းမှ – ထိုင်းနယ်စပ်ရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ အမှတ် ၁၁ ကင်းစခန်းတခုအား ဒေသအတွင်း လက်နက်ကိုင်တပ်တခုက လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်သည်ဟု မိုင်းတုံမြို့နယ်အတွင်းရှိ RCSS တပ်မှူးတဦးကပြောသည်။

“ညနေ ၆ နာရီလောက်ကပစ်ခံရတာ။ အခုကျနော်တို့လဲ စစ်ဆေးနေတယ်။ မိုင်းတော့ဘက်ကနေပစ်လာတာ။ အဲဒီမှာက အစိုးရတပ် ကော ၊ ၀ တပ်ကော ရှိတယ်။ ၆ ကြိမ်ပစ်တယ်။ ၄ ကြိမ်က တပ်အနီး လာကျတယ်။ ဘာမှ တော့မထိဘူး ။ ဘယ်သူပစ်တယ်ဆိုတာလဲမသိရသေးဘူး။”- ဟု ပြောသည်။

RCSS/SSA ၏ ပစ်ခတ်ခံရသော လွယ်လမ် တပ်စခန်းသည် ထိုင်းနိုင်ငံချင်းမိုင်မြို့ ၀ိန်းဟိုင်မြို့နယ် ပိန်းလုံအုပ်စု ထိုင်း-မြန်မာနယ်စပ် လတ်တိုင်ရွာနှင့်မျက်နှာချင်းဆိုင် သျှမ်းပြည်ဘက်ခြမ်းတွင်ရှိပါသည်။ လတ်တိုင်ရွာ မှ နာရီဝက်ခန့် ဆိုင်ကယ်စီးသွားရသော ခရီးတွင်ရှိပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရ နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်တခုဖြစ်သည်။

အစိုးရတပ်မတော်၏ ဇန်နဝါရီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA အပါ အဝင် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကျူးကျော်လှုပ်ရှားနေသည့်နေရာမှ တပ်များလုံး ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး တပ်ဆုတ်ရုပ်သိမ်းပေးရန် အသိပေးထားသည်။ သို့သော် သျှမ်းပြည်တပ်မတော် RCSS/SSA ကမူ အစိုးရတပ်မတော် စွပ်စွဲသကဲ့သို့ သဘောတူညီချက် ချိုးဖေါက်ခြင်း တစုံတရာ မရှိဟု ထုတ်ပြန်ထားသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...