ချင်းပြည်နယ်တွင် ပထမဆုံး နေရောင်ခြည်သုံး ကော်ဖီအခြောက်လှန်းစက်ရုံ စတင်လည်ပတ်

ချင်းပြည်နယ်တွင် ပထမဆုံး နေရောင်ခြည်သုံး ကော်ဖီအခြောက်လှန်းစက်ရုံ စတင်လည်ပတ်

နေရောင်ခြည်ကို အသုံးပြု၍ ကော်ဖီများကို အခြောက်လှန်းနိုင်သည့် စက်ရုံတစ်ခုကို ချင်းပြည်နယ် မင်းတပ်မြို့ တွင် ယခုလဆန်းပိုင်းက စတင်လည်ပတ်နေပြီဖြစ်ကြောင်းသိရသည်။

ချင်းတောင်တွင် ထွက်ရှိသည့် ကော်ဖီများသည် ယခင်က အခြောက်ခံလိုပါက ပြင်ပတွင် နေပူလှန်းရပြီး ကော်ဖီများသည် အနံ့သက် စုပ်ယူမှုအလွန်အားကောင်းသည့်အတွက် အရည်အသွေးပိုင်းတွင် အားနည်း ချက်များဖြစ်လာစေသည့်အပြင် နေပူချိန်အားနည်းခြင်းကြောင့် အခြောက်ခံရန် အချိန်ကြာမြင့်စွာ စောင့် နေရသည့်အတွက် (solar dryer dome) နေရောင်ခြည်သုံးအခြောက်ခံစက်ကို စမ်းသပ်ကာ စတင် အသုံးပြုကြည့်ခြင်းဖြစ် သည်ဟု ပိုင်ရှင် ဆလိုင်းမာဟုန်းကပြောသည်။

“အမှန်ကကော်ဖီကအနံ့စုပ်လည်းအရမ်းအားကောင်းတယ် ကောင်းတဲ့အခါကြတော့ တချို့ဆိုရင် ကြက်တွေ ဝက်တွေသတ်လိုက် အဲလိုမျိုးတွေပေ့ါ ကော်ဖီကအနံ့ပေါင်းစုံကိုစုပ်တယ် အမှန်က ကျွန်တော်တို့ ချင်းပြည် နယ်ကကော်ဖီတွေက အရည်အသွေးကောင်းပေမယ့် ကျွန်တော်တို့ ခူးတဲ့အချိန်ကစ အခြောက်လှန်းတဲ့ထိ စနစ်မကျတဲ့အတွက် ကျွန်တော်တို့ ရသင့်သလောက်ကော်ဖီတွေရဲ့ အရည်အသွေးတွေထွက်မလာဘူး အဲဒါကြောင့် ကျွန်တော်တို့က ၂၀၁၆ ခုနှစ်ကစပြီး လှန်းစင်လေးတွေသုံးတယ် အဲဒီမှာဖုံတွေ ဘာတွေက ကျွန်တော်တို့မကာကွယ်နိုင်ဘူးဖုံတွေထတာတွေရှိတယ်။ နောက်ပိုင်းမိုးရာသီပိုင်းရောက်လာတော့ အထားအသိုလည်းအများကြီးလိုအပ်တာပေါ့ မှိုနည်းနည်းလိုက်ချင်တာမျိုးတွေဖြစ်တယ် တစ်ချို့ဆိုရင် ပျက်စီးသွားတာရှိတယ် မှိုလုံးလုံးတက်သွားတာရှိတယ် အဲလိုဖြစ်လာတဲ့အတွက် ကျွန်တော် ဒီနေရောင်ခြည်သုံးအခြောက်ခံနဲ့ဆိုရင်(Solar dryer dome) နေလည်းကောင်းကောင်းရမယ် အဲဒီအထဲမှာ အခြောက်လှန်းရင် အခြောက်လှန်းတဲ့ ခြောက်နှုန်းကညီမယ် စနစ်တကျလုပ်ထားရင်တော့ အရင်နှစ်တွေ ကထက် ပိုပြီးတော့ အရည်အသွေးပိုထိန်းနိုင်မယ် ဆိုတဲ့အမြင်လေးနဲ့ နေရောင်ခြည်သုံးအခြောက်ခံ (Solar dryer dome) စတည်ဖြစ်တာပေါ့” ဟု ဆလိုင်းမာဟုန်းက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

ယင်းကော်ဖီအခြောက်လှန်းစက်ရုံအတွက် ဒိန်းမတ်အစိုးရထံမှ RBF (Responsible Business Fund) ၈၀ ရာခိုင်နှုန်းကူညီပန့်ပိုးမှုရရှိပြီး လုပ်ငန်းရှင်ဖက်မှ ၂၀ ရာခိုင်နှုန်းအကုန်ကျခံပြီး စက်ရုံကို တည်ဆောက်ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ အခြောက်လှန်းစက်ရုံတွင် စနစ်တကျလုပ်ဆောင်ခြင်းအားဖြင့် လုပ်ငန်းလည်ပတ်မှု ပိုမိုလွယ်ကူ စေမည်ဖြစ်သကဲ့သို့ ကော်ဖီအရည်အသွေးလည်း ပိုမိုကောင်းမွန်လာမည်ဟု ဆလိုင်းမာဟုန်းကပြောသည်။

“ အခြောက်လှမ်းတဲ့အချိန်မှာ မိုးအုံတာမျိုးတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့အထဲမှာ အလုံနဲ့ ပဲမိုးလုံ လေလုံနဲ့ လုပ်ထားတဲ့အတွက် အနံ့အသက်တွေ ဖုံတွေလည်း အထဲမှာမဝင်တော့ဘူး။ ဈေးကွက်ထဲသွား ရင်လည်း ပိုပြီးအခွင့်အလမ်းတွေရှိမယ် ပိုပြီးမှ အဆင်ပြေတဲ့အပိုင်းကတော့ အခြောက်လုံးဝညီသွားတယ် ပြီးရင် အရင်ကတစ်လလုံးလုံးနေလှန်းထားတယ် အဲဒါတောင်မှ ဘယ်လိုအခြေအနေရှိတယ် ကျွန်တော်တို့သုံးသပ်ဖို့ အရမ်းခက်နေတယ် အခုဟာကျတော့ လုံးခြောက်ကို နှစ်ပတ်အတွင်းပေါ့ နှစ်ပတ်ကနေသုံးပတ်ကြားပေါ့ ပြီးရင်လုပ်ငန်းမြန်ဆန်မှုပိုရှိလာတာပေါ့ ပြီးရင် အရည်အသွေးပိုမြင့်လာတယ်” ဟု ဆလိုင်းမာဟုန်းဆက် ပြောသည်။

နေရောင်ခြည်သုံးအခြောက်ခံ (Solar dryer dome) တည်ဆောက်ရန်အတွက် အောက်မြစ်ခံနှင့် စက်အတွက် ကျပ်ငွေ သိန်း ၁၉၂ နှင့် မီးပါမည်ဆိုပါကသိန်း ၂၀၀ ခန့် ကုန်ကျသည်ဟု သိရပြီး အဆိုပါစက်တွင် တစ်ကြိမ်လှန်းလျှင် ကော်ဖီ (၅၆၀) ပိသာလှန်းနိုင်သည်ဟု သိရသည်။

ဆလိုင်းမာဟုန်းသည် ချင်းပြည်နယ်မှ ပထမဦးဆုံးကော်ဖီဝိုင် ထုတ်လုပ်သူလည်းဖြစ်ပြီး အဆိုပါကော်ဖီဝိုင်သည် လက်ရှိတွင် အစမ်းကာလသာဖြစ်ပြီးစီးပွားဖြစ်အနေဖြင့် မရောင်းချသေးကြောင်းလည်းသိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...