စစ်ပြေးပြည်သူ လွတ်မြောက်ရေး လှုပ်ရှားမှု ခေါင်းဆောင် ၃ဦး အား MUSHE ဆု ချီးမြင့်

စစ်ပြေးပြည်သူ လွတ်မြောက်ရေး လှုပ်ရှားမှု ခေါင်းဆောင် ၃ဦး အား MUSHE ဆု ချီးမြင့်

တိုက်ပွဲကြား တပ်မတော်မှ ဟန့်တားထားသော ပိတ်မိပြည်သူများ လွှတ်ပေးရေး လူငယ်လှုပ်ရှားမှု ခေါင်းဆောင် သုံးဦးအား ပြည်တွင်းပြည်ပ ကချင်အဖွဲ့အစည်းများ ပူးပေါင်းကာ လူအခွင့်ရေး ထူးချွန်ဆု ချီးမြင့်သော အခမ်းနားကို ယနေ့ မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည်။

ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ WMR နှင့် နိုင်ငံတကာ World Kachin Congress က ဦးဆောင်ချီးမြင့်သော ကချင်ဘာသာလို MUSHE ခေါ် Human Rights Award ဆု ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေ ကျပ် သိန်း ၁၂၀ (တစ်ဦးကို ကျပ် သိန်း ၄၀ စီ) ကို ဖမ်းဆီးခံနေရသော ခေါင်းဆောင် သုံးဦး၏ မိသားစုဝင်များ ပေးအပ်ခဲ့သည်။

Lum Zawng၊ Nang Pu နှင့် Zau Jat တို့ မတရားဖမ်းဆီးခံရမှုအတွက် အပါအဝင် မြန်မာနိုင်ငံလူ့ အခွင့်အရေးကာကွယ်သူ အားလုံးကို အသိအမှတ်ပြုသည့် အနေဖြင့် ဂုဏ်ပြုပွဲပြုလုပ်ရခြင်းဖြစ်သည် ဟု ယခုဆုချီးမြင့်ပွဲ ပြင်ဆင်ရေး ကော်မတီဝင် နှင့် တရားမျှတရေးအတွက် တက်ကြွလှုပ်ရှားသော လူငယ် မ Sut Seng Htoi က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ကချင်လူငယ်တွေအနေနဲ့ အနာဂါတ်မှာ တရားမျှတမှုကို တောင်းဆိုလာတဲ့အခါ လူငယ်တွေအနေနဲ့ကြောက် မသွားဖို့ ဆုချီးမြင့်တာပါ။”

Three-Kachin-young-activists-awarded-MUSHE-on-Feb13.jpg

စီတာပူရပ်ကွက် မနောကွင်း မဂျွယ်ခန်းမတွင် နံနက် ၁၀နာရီခန့်က ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ မြစ်ကြီးနားရှိ ကချင်ပြည်သူများ စစ်ဘေးရှောင်များ စုစုပေါင်း ၁၀၀၀ခန့် တက်ရောက်ကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ်က ဖားကန့်မြိုကနယ်နှင့် တနိုင်းမြို့နယ်များအတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြား ပိတ်မိပြည်သူများလွတ်မြောက်ရေး မြစ်ကြီးနား လူငယ် ဆန္ဒပြပွဲတွင် ဦးဆောင်သူ သုံးဦးအား မြစ်ကြီးနား မြို့နယ်တရားရုံးမှ ဒီဇင်ဘာ ၇ ရက်နေ့ ပုဒ်မ ၅၀၀ အသေရေဖျက်မှု ဖြင့် ထောင်ဒဏ် ၆လ နှင့် ဒဏ်ငွေ ၅သိန်းစီ ချမှတ်ခဲ့သည်။

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...