အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်တွင် မဆုတ်မနစ်ပါဝင်ပံ့ပိုးကြရန် ချင်းပြည်သူများကို CNF တိုက်တွန်း

အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်တွင် မဆုတ်မနစ်ပါဝင်ပံ့ပိုးကြရန် ချင်းပြည်သူများကို CNF တိုက်တွန်း

ချင်းအမျိုးသားတပ်ဦး (CNF) ၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်များတွင် မဆုတ်မနစ်ပါဝင်ပံ့ပိုးကြရန် ချင်းပြည်သူလူထုတရပ်လုံးကို ချင်းအမျိုးသားတပ်ဦး (CNF) မှ တိုက်တွန်းလိုက်သည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် ချင်းအမျိူးသားနေ့နှင့်စပ်လျဉ်း၍ ချင်းအမျိူးသားတပ်ဦးက ယမန်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး ချင်းပြည်သူတရပ်လုံးကို ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ချင်းပြည်သူလူထုအနေဖြင့် အမျိုးသားရေးအကျိုးစီးပွားကိုဦးထိပ်ထားလျက် ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိ ရေးဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးတို့အတွက် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် အားသစ်လောင်ပြီး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်များတွင် မဆုတ်မနစ် ပါဝင်ပံ့ပိုးကြရန် တိုက်တွန်းနှိုးဆော်အပ်သည်ဟု ၎င်းတို့၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားရေးအကျိုးစီးပွားဖြစ်သည့် ချင်းလူမျိုးတို့ ရသင့်ရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအခွင့်အရေးများကို ပြန်လည်ရရှိပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ချင်းပြည်သူများနှင့်အတူ နှစ်ပေါင်း (၃၀) ကျော်ကြာ လက်နက်ကိုင်တော်လှန်နေခြင်းဖြစ်သည်ဟု CNF က ဆိုသည်။

ချင်းအမျိုးသားနေ့၏ အနှစ်သာရမှာ ချင်းမျိုးနွယ်စုအားလုံးသည် ချင်းလူမျိုးတစ်မျိုးတည်းဖြစ်ကြောင်းထုတ်ဖော် ပြသခြင်း၊ အမျိုးသားဂုဏ်အင်လက္ခဏာကိုထိန်းသိမ်းခြင်း၊ အမျိုးသားရေးစိတ်ဓာတ်နိုးကြားခြင်း၊ အမျိုးသားသွေး စည်းလုံးညီညွတ်ခြင်းတို့ဖြစ်ကြောင်း၊ ယင်းအမျိူးသားရေးအနှစ်သာရများ ဆက်လက်ရှင်သန်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကြာ ပြည်တွင်းစစ်ကိုအဆုံးသတ်ပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှတဆင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အမျိူးသားတန်တူမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားကြရမည်ဟု CNF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...