သျှမ်းပြည်နယ် သထုံမူလမင်းကွန်းကမ္မဌာန်းများ၏ ၅၃ ကြိမ်မြောက် သံဃာစုံညီလာခံကြီး ကျိုင်းတုံတွင်ကျင်းပမည်

သျှမ်းပြည်နယ် သထုံမူလမင်းကွန်းကမ္မဌာန်းများ၏ ၅၃ ကြိမ်မြောက် သံဃာစုံညီလာခံကြီး ကျိုင်းတုံတွင်ကျင်းပမည်
Photo Credit to Sai Kyaw Win/ ကျိုင်းတုံမြို့ စွမ်စိုင့် ကမ္မဌာန်းတိုက်တွင် သံဃာတော်များညီလာခံနှင့်တရားပွဲကျင်းပရန်ဒေသခံများပြင်ဆင်နေကြပုံ
Photo Credit to Sai Kyaw Win/ ကျိုင်းတုံမြို့ စွမ်စိုင့် ကမ္မဌာန်းတိုက်တွင် သံဃာတော်များညီလာခံနှင့်တရားပွဲကျင်းပရန်ဒေသခံများပြင်ဆင်နေကြပုံ

သျှမ်းပြည်တွင်းရှိ မဟာသတိပဌာန် မူလမင်းကွန်းကမ္မဌာန်းတိုက်မှ သံဃာတော်များစုံညီ ညီလာခံနှင့်တရားပွဲကြီးအား ကျိုင်းတုံမြို့တွင် ယခုလနှောင်းပိုင်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ကျိုင်းတုံမြို့ စွမ်စိုင့်ကမ္မဌာန်းတိုက်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ကျိုင်းတုံမြို့ သံဃာ့ညီလာခံကြီးကျင့်ပရေးကော်မတီအတွင်းရေးမှူး ဦးစိုင်းဝန်း က-  ကျနော်တို့ စီစဉ်ထားမှုက ၈၀ ရာခိုင်နှုန်းလောက်ပြီးပါပြီ။ ထမင်းစားဆောင်ဘဲကျန်ပါတော့တယ်။ ဧည့်သည်များနားနေဆောင်တွေတော့ ဆောက်လုပ်ပြီးသွားပါပြီ”– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သံဃာစုံစုစည်းမှု၊ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တွင် ညီလာခံ၊ မတ်လ ၂ ရက်နေ့တွင် ရေစက်ချလှူဒါန်းခြင်းအခမ်းအနားရှိကြောင်း   သိရသည်။



Photo Credit to Sai Kyaw Win/ ကျိုင်းတုံမြို့ စွမ်စိုင့် ကမ္မဌာန်းတိုက်တွင် သံဃာတော်များညီလာခံနှင့်တရားပွဲကျင်းပရန်ဒေသခံများပြင်ဆင်နေကြပုံ

သျှမ်းပြည်အတွင်း သထုံမူလမင်းကွန်း ကမ္မဌာန်းကျောင်းတိုက် ၁၈ တိုက်ရှိပြီး တနှစ်တကြိမ်ဖြင့် အလှည့်ကျ နှစ်စဉ် ဓမ္မသဘင်ညီလာခံ ကျင်းပခဲ့ရာ ယခုနှစ်တွင် ၅၃ ကြိမ်မြောက်ရှိပြီဖြစ်ပါသည်။   သက်ဆိုင်ရာမြို့နယ်မှ ကိုယ်စားလှယ်များ ဆရာတော် သံဃာ တော်များ စုဆုံကာ မိမိကျောင်းမှ တရားစခန်း ဖွင့်စဉ်ကာလ ကြုံတွေ့ရသော ပြသနာ အခက်အခဲ အောင်မြင်မှုအစရှိသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ညီလာခံကာလအတွင်း ပရိသတ် များအတွက်လည်း ဓမ္မသဘင်တရားပွဲလည်းကျင်းပပေးခဲ့သည်။

၅၂ ကြိမ်မြောက် ဓမ္မသဘင်ညီလာခံကို ကွန်ဟိန်းမြို့ကမ္မဌာန်းကျောင်းတွင်လည်းကောင်း၊ ၅၁ ကြိမ်မြောက်ညီလာခံကို မိုးနဲမြို့တွင်လည်းကောင်း၊ ၅၀ ကြိမ်မြောက် ညီလာခံကို သျှမ်းပြည်နယ်၏ မူလဘူတဖြစ်သည့် လင်းခေးမြို့ ကမ္မဌာန်းကျောင်းတိုက်တွင်ကျင်းပခဲ့ပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...