အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ချင်းအမျိုးသားနေ့ ကျင်းပမည်

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ချင်းအမျိုးသားနေ့ ကျင်းပမည်

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ကို အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ချင်းအမျိူးသားနေ့ကို ရံပုံငွေအခက်အခဲကြောင့် ခါတိုင်းနှစ်ကဲ့သို့ စည်စည်ကားကားကျင်ပနိုင်မည်မဟုတ်ကြောင်း ရိခေါ်ဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောသည်။

“ခါတိုင်းနှစ်လိုတော့ စည်စည်ကားကားကျင်းပနိုင်မှာမဟုတ်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ လှုပ်ရှားမှုအရမ်းနောက်ကျပြီ၊အားကစားသမားများအတွက်လေ့ကျင့်ချိန် မရှိတော့သလိုဖြစ်နေတယ်၊ နောက်ပြီးရန်ပုန်ငွေရရှိမှုပေါ်မှာလည်းမှုတည်နေပါတယ်၊ ခါတိုင်းနှစ်တွေမှာတော့ Sponsor တွေ များပြီး ကျပ်သိန်း (၁၀၀) နဲ့ အထက် ဖြင့်ပုံမှန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။” ဟု ဦးချိန့်လျန်နာကဆိုသည်။

(၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ဘော်လုံးပွဲပြိုင်ပွဲနှင့် မီဇိုရမ်ပြည်နယ်မှ အဆိုတော်များ ငှားရမ်းမည့်ကိစ္စမှာ ရန်ပုံငွေအပေါ် မူတည်နေသောကြောင့် ယခုထိ အတည်မပြုနိုင်သေးကြောင်း သူကဆက်ပြောသည်။

အလားတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နေထိုင်သည့် ချင်းလူမျိူးများကလည်း ရံပုံငွေအခက်အခဲကြောင့် ယခုနှစ် ချင်းအမျိူးသားနေ့အခန်းအနားကို ခါတိုင်းနှစ်ကဲ့သို့ ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...