အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ လာမည့်အပတ် တွေ့ဆုံနိုင်ရန် စီစဉ်နေ

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ လာမည့်အပတ် တွေ့ဆုံနိုင်ရန် စီစဉ်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်သား၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ကချင်ပြည်နယ်
ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်သား၊ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ကချင်ပြည်နယ်

အစိုးရ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ လာမည့် အပတ်အတွင်း တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်နေသည်ဟု မြစ်ကြီးနား အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ဆိုသည်။

တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၃ ရက် နှင့် ၂၀ ရက်ကြား ပြုလုပ်နိုင်ရန် စီစဉ်ထားပြီး တွေ့ဆုံမည့် နေရာကိုလည်း ဆွေးနွေးနေဆဲ ဖြစ်သည်ဟု PCG မှ Lamai Gum Ja (ဦး လမိုင်ဂွမ်ဂျာ) ယခုလို ပြောပါသည်။

“ဒီလ ၁၃ -၂၀ ရက် ကြား ဘယ်ရက်ဖြစ်မယ်ဆိုတာ မသိသေးဘူး။ ဆွေးနွေးမယ့်အစီစဉ်တော့ ရှိတယ်။ နေရာလည်း အတိအကျ မသိသေးဘူး။ ဆွေးနွေးနေဆဲတယ်။ အစိုးရဘက်ကတော့ ပြည်တွင်းမှာ လုပ်ချင်တယ်။ လက်နက်ကိုင်အဖွဲ့တွေကတော့ တရုတ်ပြည်မှာ လုပ်ချင်တယ်။ အဲဒီ ၂ ချက် ဘယ်လိုဖြစ်လာမယ် မသိသေးဘူး။”

ယခုအကြိမ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သည့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးတပ်မတော် MNDAA နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့သည် အစိုးရ နှင့် သီးခြား တွေ့ဆုံခြင်း မဟုတ်ဘဲ အတူတူ တွေ့ဆုံရန် ဖြစ်သည်။

“NRPC နဲ့ တွေ့ဖို့တော့ လုပ်ထားတယ်။ ဒါမှမဟုတ် PC နဲ့ ဖြစ်လာမလား အဲဒါလည်း အတိကျ မသိသေး” ဟု အစိုးရဘက်အခြေအနေနဲ့ ပတ်သက်ပြီး Lamai Gum Ja ဆက်လက် ပြောသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ တရုတ်နိုင်ငံ ကူမင်းမြို့ အစိုးရ NRPC နှင့် KIO တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားရန် သဘောတူခဲ့သည်။

ယင်းဆွေးနွေးပွဲအပြီး ယခုပြုလုပ်မည့် ဆွေးနွေးပွဲကို ပြည်တွင်း၌ပြုလုပ်နိုင်ရန် အစိုးရဘက်မှ တောင်းဆိုထားခြင်းဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...