လေးကြိမ်မြောက် ရက္ခပူရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို သံဃာအပါး ၅၀၀ ကျော်နှင့် မယ်သီလရှင် ၁၅ ပါး ဝင်ရောက်ဖြေဆို

လေးကြိမ်မြောက် ရက္ခပူရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို သံဃာအပါး ၅၀၀ ကျော်နှင့် မယ်သီလရှင် ၁၅ ပါး ဝင်ရောက်ဖြေဆို

ရခိုင်ပြည်နယ်တွင် လေးကြိမ်မြောက်ကျင်းပသည့် ရက္ခပူရသာသနာလင်္ကာရ သာမဏေကျော်စားမေးပွဲကို သံဃာ ၅၅၃ ပါးနှင့် မယ်သီလရှင် ၁၅ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ရက္ခပူရသာသနာ လင်္ကာရ အသင်းမှ သိရသည်။

အဆိုပါစာမေးပွဲကို စစ်တွေမြို့ လောကနန္ဒာသာသနာ့ဗိမ္မာန်တော်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၀ ရက် နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

သံဃာတော်များအား သာမဏေကျော်စာမေးပွဲ တတိယအဆင့်ကိုအောင်မြင်မှ လင်္ကာရဘွဲ့ကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီစာမေးပွဲက အစိုးရဓမ္မစရိယတန်းနဲ့မတူတဲ့ စာမေးပွဲတစ်ခုလို့ ပြောလို့ရတယ်။ ဒီစာမေးပွဲမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့တတိယအဆင့်ကို အောင်မြင်ရင်တော့ လင်္ကာရဘွဲ့ကိုချီးမြှင့်တယ်။ လင်္ကာရဘွဲ့ကို သံဃာ တော်ရဲ့ ဘွဲ့အမည်နောက်မှာ ထည့်ပေးတာဖြစ်တယ်” ဟု ရက္ခပူရသာသနာ လင်္ကာရအသင်းမှ အတွင်းရေးမှူး ဦးတင်ငြိမ်းဦးက ပြောသည်။

ရက္ခပူရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို နှစ်စဉ်တပို့တွဲလဆန်းတွင်ကျင်းပပြီး ယခုနှစ်တွင် စာဖြေသံဃာတော်များ တိုးလာကြောင်းလည်း ၎င်းကပြောသည်။

ယခုနှစ်စာဖြေသံဃာများမှာ မူလတန်း ၅၇ ပါး၊ ဥပစာတန်း ၂၁ ပါး၊ ပထမအဆင့် ၂၆၇ ပါး၊ ဒုတိယအဆင့် ၁၇၉ ပါး၊ တတိယအဆင့် ၂၉ ပါးတို့ဖြစ်ကြောင်း သိရသည်။

May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...